တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၄/၂၀၁၉) ထုတ်ပြန်ကြေညာချက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်
********************
၁။ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ကျင်းပခဲ့ သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက် မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST+2) အစည်း အဝေး(၀၄/၂၀၁၉)သို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ နည်းပညာ အထောက်အကူပြုများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း (၇၂) ဦး တက်ရောက်ခဲ့ ကြသည်။
၂။ ယခုကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင် အဖွဲ့အစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ တင်းပြည့်အဖွဲ့ဝင်များအဖြစ် ပါဝင်လာခဲ့ကြသောကြောင့် PPST ကို အဖွဲ့ဝင် (၁၀)ဖွဲ့ ဖြင့် တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့ကြပါသည်။
၃။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု အပါ အဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများကို ဖြေရှင်းကျော်လွှားနိုင် ရေးအတွက် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်” တစ်ရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရ နှင့် ဆွေးနွေး သဘောတူ ညီမှု ရယူရန် အတည်ပြု ချမှတ်နိုင်ခဲ့ကြသည်။
၄။ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန် NCA-S EAO (၁၀) ဖွဲ့မှ ကိုယ်စားလှယ် များပါဝင်သည့် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိုနှိုင်းရေးအဖွဲ့” နှင့် “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး ဆိုင်ရာ ညှိုနှိုင်းရေးအဖွဲ့” ဟူ၍ အလုပ် အဖွဲ့ (၂)ဖွဲ့ကို ယခု PPSTအစည်းအဝေးမှ ဖွဲ့စည်း ခဲ့ကြပါသည်။
၅။ အစိုးရ၊ တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့အကြား လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသော တိုက်ပွဲတို့ကို နှစ်ဖက်စလုံးမှ လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးမှုမှတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန် PPST အစည်းအဝေးမှ တိုက်တွန်း အပ်ပါသည်။
၆။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်သင့် ပါဝင်ထိုက် သော အင်အားစုများအားလုံး ပါဝင်လာနိုင်မည့် အခင်း အကျင်း ဖော်ဆောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ဆက်သွယ်ရန်
၁။ ပဒိုစောတာဒိုမူး
၀၆၄၆၄၅၉ ၁၁၃ (ထိုင်း)
၀၉ ၇၉ ၅၈၈၇၀၈၅ (မြန်မာ)
၂။ ဗိုလ်မှူးကြီး စိုင်းငင်း
၀၈၆၁၉ ၄၀၁၇၉ (ထိုင်း)
၀၉ ၄၂၈၃၃၃၈၅၅ (မြန်မာ)
၃။ နိုင်အောင်မငေး
၀၉ ၂၈၄၉ ၇၃၅၂ (ထိုင်း)
၀၉ ၄၂၂၉ ၇၈၅၈၃ (မြန်မာ)
Comments
0 Comments 1524 Views