logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် NCA-S EAO အတွင်းပိုင်း ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ဇူလိုင်လ (၁၁) ရက်နေ့တွင် NCA-S EAO UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ပြီးခဲ့တဲ့ ဇူလိုင် (၅) ရက်ကနေ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ (စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးဆွေးနွေးပွဲမှာ ဖွဲ့စည်းခဲ့တဲ့) အလုပ်အဖွဲ့အစည်းအဝေးမှာ ဘယ်လို အကြောင်းအ ရာတွေကို ဆွေးနွေးခဲ့လဲ ခင်ဗျ။


ဖြေ။ Summit (NCA-S EAO ထိပ်သီးဆွေးနွေးပွဲ) ကနေ ဖွဲ့ပေးခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးက ကျင်းပခဲ့တာ (၂) ကြိမ်ရှိပြီပေါ့။ အဓိကတခုကတော့ ကျွန်တော်တို့ကြိုးပမ်းနေတာက လက်ရှိနိုင်ငံရေး  ဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို ဘယ်လို  ကျော်လွှားမလဲဆိုတဲ့ဟာကို စုစည်းကြတယ်။ အဖြေရှာနိုင်ဖို့အတွက်ပေါ့။ ဒါကိုကျော်လွှားနိုင်ဖို့ဆိုရင် ကျွန်တော် တို့ဒီ တစ်ဆို့နေတဲ့ အကြောင်းအရာတွေကို ဖြေရှင်းဆောင်ရွက်သွားနိုင်ဖို့အရေးကြီးတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့လ က်ရှိ အကောင်အထည်ဖေါ်နေတာ NCA စာချုပ်ပေါ်မှာ အခြေခံပြီးတော့မှ နို်င်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာနေတာကိုး။ ဆိုတော့ NCA မှာအဓိကကတော့ အပိုင်း (၃) ပိုင်းရှိတာ  ပေါ့။ တပိုင်းကတော့ တပ်ပိုင်းဆိုင်ရာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ထိန်းသိမ်းနိုင်ဖို့အတွက် အပိုင်းရှိတာကိုး။ ပြီး တော့ နိုင်ငံရေးဆွေးနွေးမှုအပိုင်း၊ ကြားကာလ အစီအစဉ်။ ဒီအပိုင်း(၃) ပိုင်းနဲ့ ပတ်သက်ပြီးတော့မှ ပြန်လည်ပြီး စနစ်တကျNCA အကောင်အထည်ဖေါ်မှုပေါ့၊ ဒီအပိုင်း (၃) ပိုင်းပြောမယ်ဆိုရင် NCA အကောင်အထည်ဖေါ်မှု  ပြောလို့ရတာပေါ့နော်။ NCA အကောင်အထည်ဖေါ်မှု ခိုင်မာဖို့၊ အားကောင်းဖို့အတွက်ကို ပြင်ဆင်စရာရှိတာပြင် ဆင် ဖြည့်စွက်စရာ ဖြည့်စွက်ဖို့လိုတယ်။ ဒါတွေလည်းကျွန်တော်တို့ ဆွေးနွေးဖြစ်တာပေါ့နော်။ နောက်ပြီးတော့ ငြိ်မ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး NCA လက်မှတ်  ရေးထိုးပြီး (၃)နှစ်တာကာလအတွင်း ဖြတ်သန်းခဲ့တဲ့ အခြေအနေ၊ တတိယ အကြိမ်အထိ ပင်လုံညီလာခံပေါ့။ ကျင်းပလာခဲ့တဲ့အပေါ်မှာ ပြန်လည်သုံးသပ်ပြီးတော့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံရေး  တည်ဆောက်နိုင်ရေးဆိုင်ရာ နိုင်ငံရေးသဘောတူညီ ချက်တွေရအောင်ဘယ်လို အကြောင်းအရာ  တွေကိုဆွေးနွေးသွားဖို့လိုအပ်မလဲ။ပြီးရင် ဒီအကြောင်း အရာတွေကိုလည်းဘယ်လို ပုံစံမျိုးနဲ့ အဆင့်လိုက်ပေါ့၊ ဘယ်လိုအဆင့်တွေနဲ့ ဘယ်လို step တွေနဲ့ အကောင်အထည်ဖေါ်မလဲဆိုတဲ့ ဟာလည်း ကျွန်တော်တို့ ပြင်ဆင် နေတာတွေရှိတယ်။

မေး။ (၂၀၂၀ ရွေးကောက်ပွဲကလည်း နောက်လာမယ့်နှစ်ထဲမှာဆိုတော့) ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀ နောက်ပိုင်းကာလမှာ ပြင်ဆင်ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ််တွေနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းအရာတွေကို ပြီးခဲ့တဲ့အလုပ်အဖွဲ့အစည်းအဝေးမှာ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။


ဖြေ။ ဒီနေ့ကာလအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်မယ်ဆို ရင်တော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၂၀၂၀ မှာ ပြီးနိုင်တဲ့ အခြေအနေ ကတော့ တော်တော်  လေးကိုစိန်ခေါ်မှုရှိတာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို မပြီးနိုင်ဘူးပေါ့။ ဟုတ်ပြီ မပြီးနိုင်ဘူးဆိုရင် ၂၀၂၀  ရွေးကောက်ပွဲမတိုင်ခင်မှာ ဘယ်လောက်အတိုင်အတာအထိ သဘော တူညီ ချက်တွေရနိုင်မလဲ။ ဘယ်လိုမျိုး ဒီမိုကရေစီ နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေရနိုင်မလဲပေါ့။ ဒါကလည်း ဆက်လက်ကြိုးပမ်းနေရမှာဖြစ်သလို နောက်တပိုင်းကတော့ ကျွန်တော်တို့ ၂၀၂ဝအလွန်မှာ ဒီနိုင်ငံရေးဆွေးနွေး ပွဲအတွက်ကို အာမခံချက်တွေ ရဖို့ အ တွက်လည်းပြင်ဆင်သွားရမှာဖြစ်တယ်။ ဒါတွေလည်းကျွန်တော်တို့ ဆွေးနွေး   ဖြစ်တာပေါ့။ ပြီးတော့ ကြားကာလ အစီအစဉ် နဲ့ ပတ်သက်လို့ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက် ကိုင်တွေကြားမှာ ကြားကာလ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံရေးသဘောမူကျတာရှိပြီ။ နောက် အကောင်အထည်ဖေါ်ရေးဆိုင်ရာ သဘောထားတွေကို ကျွန်တော်တို့ စုစည်းဖြစ်တယ်။ ဆွေးနွေးဖြစ်တာပေါ့။  ပြီးတော့လက်ရှိNCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ စာချုပ်ညှိနှိုင်းစဉ်ကတည်းက စာချုပ်ပါ သဘောတူထားတဲ့ အချို့ အချက်အလက်တွေက ဝေါဟာရ ရှင်းလင်းချက်တွေက ဆောင်ရွက်ဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ အခုအချိန် အထိမဆောင်ရွက်နိုင်သေးဘူး။ NCA ရဲ့ အဓိပါယ်ဖွင့်ဆိုချက် ကိုစနစ်တကျပြန်လည်ပြီးတော့မှ အစိုးရနဲ့ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ NCA နဲ့ပတ်သက်တဲ့ ဝေါဟာရ ရှင်းလင်းချက်ဆောင်ရွက်နိုင်ဖို့အတွက် ဒါလည်း ပြင်ဆင်ဖြစ်တယ်။ နောက်တခုက ပြီးခဲ့တဲ့ လမှာပဲ အတွင်းရေး မှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးလုပ်ဖြစ်တာကိုး။ ဒီအစည်းအဝေးမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက်ကို အစိုးရကနေပြီးတော့မှ လုပ်ငန်းစဉ် (၄)ရပ်ကို အဆိုပြုခဲ့တာရှိတယ်။ အဲဒီလုပ်ငန်းစဉ် (၄) ရပ်နဲ့ ပတ်သက်ပြီးတော့မှ အကောင်အထည်ဖေါ်ရေးနဲ့ ပတ်သက်လို့လည်းပဲ ကျွန်တော်တို့ EAO တွေနဲ့ ပြန်လည်ညှိနှိုင်းဆွေးနွေးသွားဖို့အတွက် အစီအစဉ် ရှိတာကိုး။ အဲဒီအပေါ်မှာလည်း အမြင်ချင်းဖလှယ် ကြတာပေါ့နော်။ အဲဒါတွေကတော့ (ပြီးခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးမှာ) ဆွေးနွေးပွဲမှာ ဆွေးနွေး ဖြစ်တဲ့ အဓိက အကြောင်းအရာတွေပဲပေါ့။

မေး။ PPST (NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေး) အစည်းအဝေးကို ရှေ့လာမယ့် သြဂုတ်လထဲမှာ ပြုလုပ်ဖို့ရှိတော့ အဲဒီအစည်းအဝေးမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးကြဖို့ရှိပါသလဲ။


ဖြေ။ သြဂုတ်လ ၅ ရက်ကနေ ၈ ရက်အထိ လောက်တော့ PPST အစည်းအဝေး (ကျင်းပဖို့) အတွက် အခု ပြင်ဆင်နေပြီ။ လျာထားတာပေါ့။ အနည်း ဆုံးသတ်မှတ်တာတော့ ၃၊ ၄ ရက်ပေါ့။ လိုအပ်ချက်ပေါ်မူတည်ပြီးတိုးချဲ့သွားမှာပေါ့။ အလုပ်အဖွဲ့က ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်ရေးနဲ့ပတ်သက်ပြီး PPST မှာ တင်ပြဖို့ရှိတယ်။နောက်တစ်ခုက ပြီးခဲ့တဲ့လ ကပဲ အတွင်းရေးမှူးအဖွဲ့ အလွတ််သဘော အစည်းအဝေးမှာ [ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့  ပြည်ထောင်စုငြိမ်းချမ်ရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)] အတွင်းရေးမှူးများ အလွတ်သဘော အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက်ကို အစိုးရကနေ အဆိုပြုခဲ့တဲ့ လုပ်ငန်းစဉ် (၄)ရပ်ကို အလုပ်အဖွဲ့မှာ သုံးသပ်ပြီးတော့ ဒီကိစ္စကို ဘယ်လိုဆက်လက်အကောင်အထည်ဖေါ်မလဲ။ ဘယ်လို ညှိနှိုင်းမလဲဆိုတဲ့ ဟာကို PPST အစည်း အဝေးမှာ တင်ပြမှာပေါ့။
အဲဒါပြီးပြီဆိုရင်တော့ အစိုးရ နဲ့ ညှိနှိုင်းဖို့အတွက် အလုပ်အဖွဲ့ဖွဲ့ဖြစ်မှာပေါ့။ အလုပ်အဖွဲ့အသစ်ပေါ့။ အခု (လာမယ့် PPST အစည်းအဝေးမှာ တင်ပြမယ့်) အလုပ်အဖွဲ့က ပြင်ဆင်ရေးအဖွဲ့၊ ညှိနှိုင်း  ဆွေးနွေးရေးအဖွဲ့မဟုတ်သေးဘူး။ အဲဒီပြင်ဆင်ထားတာကို အားလုံး (၁၀)ဖွဲ့လုံးက အိုကေ တယ်။ ဒီလောက်ဆို  ဆွေးနွေးလို့ရပြီိဆိုရင်တော့ အစိုးရနဲ့ ဆွေးနွေးဖို့အတွက် အလုပ်အဖွဲ့, ဖွဲ့ရမှာပေါ့။ ပြီးရင် အစိုးရနဲ့ စ, ဆွေးနွေးတော့မှာ  ပေါ့။

မေး။  ဆရာ့အနေနဲ့ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဗျ။


ဖြေ။ ကျွန်တော်တို့ ဖြတ်ခဲ့ရတဲ့ ခရီးပေါ့နော်။ တဖွဲ့ချင်းစီအနေနဲ့ရောအားလုံးစုပေါင်း၍သော်လည်းကောင်း၊ တစ်ဦးချင်းအေ န နဲ့ရော ငြိမ်းချမ်းရေးခရီးစဉ်ကိုဖြတ်သန်းရတာ စိန်ခေါ်မှုတော့များတယ်။ ကိုယ်ဆောင်ရွ က်ခဲ့ တဲ့ အပိုင်း ကိုယ်တာဝန်ယူခဲ့ရတဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ပေါ့နော် စိန်ခေါ်မှုဆိုတာ ကတော့ မတူညီတဲ့ အခင်းအကျင်းကနေပြီးတော့ ပြောင်းလဲပြီး လုပ်ငန်းစဉ်ဖေါ်ဆောင်နေရတာကိုး။ ဒီလက်နက်ကိုင်တိုက်ပွဲ ကနေပြီး  တော့ နိုုင်ငံရေးဆွေးနွေးပွဲကိုဝင်ရမှာကိုး။ အဲဒီအပေါ်မှာ တဖွဲ့ချင်းစီ အတွင်းမှာလည်း စိန်ခေါ်မှုတွေအများကြီးပဲ။ မတူညီမှုတွေအများကြီးပဲ။ စိန်ခေါ်မှုတွေကြားထဲက အကောင်အထည်ဖေါ်နေရတာတခုရယ်။ မြန်မာပြည် နိုင်ငံရေး ပြဿနာကတော်တော်လေးနက်နက်ရှိုင်းရှိုင်းဖြစ်နေတာကိုး။ မတူညီမှုနဲ့ အမျိုးသားရေး ပြဿနာပေါ့  နော်။ တိုင်းရင်းသားတွေဘက်က ကြည့်မယ်ဆိုရင်တော့ တလျှောက်လုံးသူတို့က ခံခဲ့ရ တာ။ ဒီတန်းတူရေးအတွက်သူတို့ ရည်မှန်းချက်တွေ အဲဒီအပေါ်မှာ မူ တည်ပြီးတော့ လက်နက်ကိုင်လမ်းကြောင်း  ရွေးချယ်ခဲ့ရတာကိုး။ နိုင်ငံရေးနဲ့ အဖြေရှာနို်င်ဖို့အတွက် ဆိုတော့ အဲဒီပြဿနာ အတိမ်အနက်ကိုအသိအမှတ် မပြုနိုင်ဘူး။ ပေါ့ပေါ့လေးပဲဆိုရင်တော့ ဘယ်တေ့ာမှ အဖြေရှာနိုင်မှာမဟုတ်ဘူး။ ဒီပြဿနာနက်ရှိုင်းမှုကို သတိထားဖို့လိုတယ်။   အသိအမှတ်ပြုဖို့လိုတယ်။
လက်နက်ကိုင်တိုက်ပွဲနဲ့ နှစ်ဘက်စလုံး မနိုင်တာသေချာတယ်။ နောက်ဆုံးတော့ ကြားက ပြည်သူလူထုပဲနစ်နာ၊ တိုင်းပြည်ပဲဖွတ်ဖွတ်ကြေ။ ဘယ်လိုမှမဖွံ့ဖြိုး မတိုးတက်နိုင်တဲ့ အခြေအနေ  ရောက်ခဲ့ရပြီးပြီးလေ။ သူမနိုင်ကိုယ်မနိုင်ပဲ။သေချာတာတော့ နှစ်ဘက်လုံးဘယ်သူမှ အပြတ်မရှင်းနို်င်ဘူး။ ဒါကြောင့် အခု စားပွဲဝိုင်းကိုရောက်််လာပြီလေ။ စားပွဲဝိုင်းရလဒ်ပေါ်မူတည်ပြီးတော့မှ စားပွဲဝိုင်းမှာ ဒီပြဿနာ ကိုဆွေးနွေးဘက်အဖြစ် တန်းတူရည်တူဖြေရှင်းရမယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုတယ်။ အဲဒီလိုကြိုးပမ်း နေစဉ်ကာလမှာ ပြည်သူလူထုအနေနဲ့ အားမလိုအားမရဖြစ်မှုပေါ့။ဟာ…ဒီလောက်ကြာနေပြီ ဆိုတဲ့ ဟာပေါ့။ ဒီလောက်ကြာနေပြီဆိုတာထက်ကိုဒီလောက်နီးစပ်လာပြီပြောင်းပြန်ပြန်တွေးပေးပေါ့။ ရွေ့တော့ရွေ့နေပါတယ်။  ဖြည်းဖြည်းချင်းတော့ ရွေ့နေတာပေါ့။ ကျွန်တေ်ာတို့ ယုံကြည်မျှော်လင့်ပါတယ်။ ဒါပေမဲ့ မြန်မြန်ဆိုတဲ့ဟာမျိုး လွယ်လွယ်ဆိုတာမျိုးမမျှော်လင့်စေချင်ဘူး။ မေတ္တာရပ်ခံလိုတယ်။ ပြည်သူလူထုတွေကို။ ကျွန်တော်တို့လည်း အမြန်ဆုံးပြီးချင်ပါတယ်။ နိုင်ငံရေးပြဿနာ မြန်မြန် အဖြေရှာနိုင်တယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး ချက်ချင်းရမယ်ဆိုရင်တော့ ပြည်သူလူထုအတွက် အကောင်းဆုံးပေါ့။ ဒါကိုအမြန်ဆုံး ကြိုးပမ်းမှာပါလို့။ ရည်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ ဝန်းရံပေးကြပါလို့ ပြောချင်ပါတယ်။

မအားလပ်တဲ့ကြားက အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။


Share:
Comments
0 Comments 2000 Views
Leave a Comment