logo

Copyright ©2024 NCA-S EAO

CALL US
09 426316604
MAIL US TODAY
[email protected]

News

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့အ စည်းများ (NCA-S EAO) က ပြုလုပ်ကျင်းပသည့် “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင် မှုမြင့် မား ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” (Workshop for Women Leadership in Peace Process- WLPP) (စတုတ္ထအကြိမ်) ကတော့ အောင်အောင်မြင်မြင် ပြီးစီးသွားခဲ့ပါပြီ။ အလုပ်ရုံဆွေးနွေးပွဲများကလည်း တစ်ကြိမ်ထက် တစ်ကြိမ် ပို, ပိို ပြီးတော့ အားကောင်းလာ သည်။ တက်ရောက်လာကြသည့် NCA-S EAO ဆယ်ဖွဲ့မှ အမျိုးသ မီးခေါင်းဆောင်အ သီးသီး၏ မေးခွန်းမေးမြန်းမှုတွေ၊ ပါဝင်ဆွေး နွေးမှုတွေက အလုပ်ရုံဆွေးနွေးပွဲကို  ပိုပြီးတော့ ရုပ်လုံးကြွစေသည်။  

ယခု စတုတ္ထအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသည့် အဓိက အကြောင်းအရာက ပြည်ထောင်စု စနစ်ကိုနားလည်ခြင်း၊ အမျိုး သမီးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စနစ်နှင့် ကျား-မ တန်းတူရေး၊ ဒီမိုကရေစီနှင့် ကျား-မ တန်းတူရေး၊ ၂၁-ရာစု ပင်လုံညီလာခံနှင့် ကျား-မ တန်းတူရေးမူဝါဒ တို့ ဖြစ်သည်။ သည်လို အဓိက အကြောင်းအရာတွေကို ပင်တိုင်ဟောပြောဆွေးနွေးသူက သံလွင် ပြည်သူ့ရေး ရာမူဝါဒလေ့လာရေးအဖွဲ့မှ မူဝါဒအ ကြံပေးပုဂ္ဂိုလ် နော်မေဦးမူတြော်။ နော်မေဦးမူတြော် ဆိုသည်က ပြီးခဲ့သည့် ၂၁-ရာစု ပင်လုံညီလာခံကြီးရဲ့ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲ၏ ကျား- မ ရေးရာ ဖက်ဒ ရယ်မူတွေ ဆွေးနွေးစဉ်က ပါဝင်ခဲ့သည့် အမျိုးသမီးပညာရှင်တွေထဲက တစ်ဦးပင်။ တော်သည်။ ထက်မြက်သည်။ တက်ရောက်လာသူတွေကို  ပညာရပ်ဆိုင်ရာ အယူအဆတွေ၊ နို်င်ငံ တကာ အတွေ့ အကြုံတွေ သိရှိနားလည်သွားအောင်နဲ့ တပြိုင်တည်း ငြီးငွေ့မသွားအောင် အားကောင်းမောင်းသန် တမ်ပို အတင်အချလုပ်ပြီး ဟောပြောဆွေးနွေးသွားခဲ့သည်။

တက်ရောက်လာသည့် NCA-S EAO အမျိုးသမီးခေါင်းဆောင်ကိုယ်စား လှယ်များက လည်း   ဆွေးနွေးဟောပြောမှုတစ်ခုပြီးတိုင်း ပိုမိုဆက်စပ်ဖြန့်ကျက် သိလိုသည်များကို ဒိုးဒိုးဒေါက်ဒေါက်  မေးကြသည်။ အမျိုးသမီးခေါင်းဆောင်မှုဆိုတာကို စာထဲတွင်  တွေ့နေ ရ သည့် ဝေါဟာရ အစား  မြေပြင်လက်တွေ့မှာ လက်တွေ့ လုပ်ကိုင်ပြလိုကြသည့် ပြင်းပြသော စိတ်ဆန္ဒကိုု အမျိုးသမီး ကိုယ်စား လှယ်များ၏မျက်မှာ တွေပေါ်မှာ အထင်းသား တွေ့မြင်နေရသည်။ ပြီးခဲ့သည့် ဆွေးနွေးမှုများကို ပြန်လှန်နွှေးသည့် Recap တွင်လည်း ၎င်းတို့ နားလည်မှတ်မိသိရှိနေသည်များကို ထိထိမိမိ ပြန်လည် ရှင်းလင်း ပြောပြကြသည်။ ဇူလိုင်လ ၉ ရက်မှ ၁၃ ရက် နေ့အထိ ကျင်းပခဲ့သည့် (၅) ရက်ကြာအလုပ်ရုံဆွေးနွေးပွဲသည် အချိန််အတိုင်းအတာအားဖြင့် အနည်းငယ် တိုတောင်းသော်လည်း ဟောပြောမျှဝေသူ၏ စိတ်စေတနာနှင့် တက်ရောက်လာကြသည့် NCA-S EAO အမျိုးသမီးကိုယ်စားလှယ်များ၏ စိတ်အားပြင်းပြ ထက်သန်မှုများကြောင့် အမျိုးသမီး ကိုယ်စားလှယ်များ အနေဖြင့်  ပြည်ထောင်စုစနစ်အကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ များအ ကြောင်း၊ ၂၁ ရာစုပင်လုံညီလာခံ အကြောင်း စုံစုံလင်လင် မှတ်သားခွင့်ရရှိခဲ့ပြီး အမျိုးသမီးတန်းတူရေးနှင့် ပတ်သက်ပြီး မူဝါဒဆိုင်ရာ နည်းနာနိဿယများကိုလည်း လေ့လာမှတ်သားခွင့် ရရှိခဲ့ကြသည်ကို တွေ့ရသည်။

NCA-S EAO က ကျင်းပသည့်   ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့်  ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ (NCA-S EAO WLPP) စတုတ္တအကြိမ်မတိုင်ခင် ပထမ၊ ဒုတိယနှင့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန်  တွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ဖက်ဒရယ်စနစ်အကြောင်း၊ ပင်လုံစာချုပ်သမိုင်းကြောင်း၊ အမျိုးသမီးများ၏ ဘုံမျှော်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်နိုင်ငံ အစရှိ သည်တို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေး အစရှိသည့် ကဏ္ဍကြီး (၅) ခုနှင့် ပတ်သက်သည့် မူဝါဒ များကို ပြည်ထောင်စု သဘောတူစာချုပ်နှင့် ယှဉ်တွဲလေ့လာခြင်းများ ကိုလည်း သက်ဆိုင်ရာ ဘာသာ ရပ်ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ အတွေ့အကြုံများနှင့် ယှဉ်ပြီး ဟောပြောမျှဝေ ခြင်းများလည်း ဆက်တိုက်ဆိုသလို ရှိခဲ့သည်။

NCA-S EAO WLPP ၏ တာဝန်ခံဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်မိဆူးပွင့်က “လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုကို ကျွန်မတို့ပြောနေတာက အဓိက ကတော့ အမျိုးသမီးတွေ ပါဝင်မှုမရှိဘူးဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုမှု ရှိမှာ မဟုတ်ဘူးပေါ့နော်။ ဒီလိုကိုယ်စားပြုမှုမရှိတဲ့ ဖြစ်စဉ် တစ်ခုဟာ အောင်မြင်ဖို့၊ ပြီးတော့မှ ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုမှာ အားနည်းချက်တွေ အများကြီး ပြန်ဖြစ်လာမယ်။ ဆိုတော့ (ငြိမ်းချမ်းရေး) ဖြစ်စဉ်ကြီး စကတည်းက ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ထည့် သွင်း ပေးခြင်းအားဖြင့် ကိုယ်စားပြုမှုတွေလည်း ပိုအားကောင်းမယ်။ လူဦးရေထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုကို တစုံတရာ ရမယ်။ အမျိုးသမီးတွေရဲ့ အသံ၊ အမြင်သဘောထားတွေကို တခါတည်း ရယူထားနိုင်မယ်။ အဲဒီအတွက် ကျွန်မတို့ ဒီ ပြည် ထောင်စုသဘောတူညီချက်တွေ ရရှိ လာတဲ့အချိန်မှာ ပိုမိုခိုင်မာမယ်။ ပိုမိုအားကောင်းမယ်ပေါ့နော်။ ဒါကတော့ ကျွန်မတို့ရဲ့ ယုံကြည် ချက်ပါပဲ။”ဟု တတိယအကြိမ်မြောက် WLPP အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားမှု ရှိခဲ့သည်။

တကယ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးပါဝင်မှုနှင့် ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်း ကျယ် ကျယ် ပြန့်ပြန့် ပြောကြဆိုကြ၊ လက်တွေ့လုပ်ဆောင်နေကြသည်မှာ ဆယ်စုနှစ်အချို့ပင် ရှိခဲ့ပြီ ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း နိုင်ငံတကာဆွေးနွေးငြင်းခုံမှုများတွင် ငြိမ်း ချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍမှာ တစထက် တစ ပိုမို ထင်ပေါ်လာ၏။ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှုများ၏ စဉ်ဆက်မပြတ် လှုံ့ဆော်အသိပေးမှုတွေရဲ့ ရလဒ်အနေဖြင့် ၂၀၀၀ ခုနှစ်၊ အောက်တိုဘာတွင် အမျိုသမီးနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ကမ္ဘာ့ကုလသမဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချတ်အမှတ် (၁၃၂၅) ကို သဘောတူချမှတ်နိုင်ခဲ့သည်က သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်က ပဋိပက္ခ ကြိုတင် တားဆီးရေးနှင့် အဖြေရှာ ဆုံးဖြတ်ချက်ချမှတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေး၊ လူသားချင်းစာနာမှုဆို်င်ရာ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပဋိပက္ခလွန် ပြန်လည်တည်ဆောက်ရေး ဖြစ်စဉ် များတွင် အမျိုးသမီးများ၏ အရေးပါသည့် အခန်းကဏ္ဍကို ပြန်လည် အတည်ပြုပေးခဲ့သည်။ ယင်းအပြင် ယင်းဆုံးဖြတ်ချက်ကပင် ငြိမ်းချမ်းရေးထိန်းသိ်မ်းရေးနှင့်  မြှင့်တင်ရေးများအတွက် ကြိုးပမ်းဆောင်ရွက်မှုအားလုံးတွင် အမျိုးသမီးများ၏ တန်းတူညီမျှ ပါဝင်ဆောင်ရွက်မှုနှင့် အပြည့်အဝ ပူးပေါင်းပါဝင်နိုင်မှုအပေါ် အလေးဂရုပြုစေခဲ့သည်။

သည်လို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှု အခန်းကဏ္ဍ တိုးမြှင့်ရေးများကို ကမ္ဘာ့ကုလသမဂ အဖွဲ့အစည်းကြီး ကိုယ်တိုင်က သမိုင်းဝင် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ခြင်းက နိုင်ငံတကာအသိုင်းအဝန်း၏ အမျိုးသမီးများ၏ ခေါင်းဆောင် မှုမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အလွန်ကြီးမားသော အားပေးထောက်ခံမှုဖြစ်သကဲ့သို့ ပဋိပက္ခဖြစ်ပွား လျက်ရှိ သည့် နိုင်ငံများမှ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးခေါင်းဆောင်မှု မြှင့်တင်ရေးအတွက် အားကြိုးမာန်တက် လုပ်ကိုင် ဆောင် ရွက်နေသော အစုအဖွဲ့အသီးသီးအတွက်လည်း ကျား-မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏  ခေါင်းဆောင်မှုမြှင့် တင်ရေးနှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးရာတွင် နိုင်ငံတကာဥ ပဒေကြောင်းအရ ထောက်ပြစရာ ခို်င်မာသည့် အကိုးအကား တစ်ခု ဖြစ် လာသည်မှာ အမှန်ပင် ဖြစ်ပေသည်။              

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုနှင့် ပတ်သက်ပြီး “ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ ကျား-မ ရေးရာ တန်းတူညီမျှမှု (Gender Equality)  နဲ့ လောကလုံးသဘောဆောင်တဲ့ လူ့အခွင့်အရေး (Universal Human Rights) ဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ထူထောင်မှု၊ လူမှုသ ဟဇာတဖြစ်မှုနဲ့ နိုင်ငံရေးဆိုင်ရာ တရားဝင်မှု အစရှိသည်တို့ကို ရရှိအောင်မြင်မှုအတွက်လည်း အတော့်ကို အရေးကြီးပါတယ်။” ဟု ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့ကုလသမဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန််ကီမွန်း က ထင်ထင်ရှားရှား ပြောကြားခဲ့မှုလည်း ရှိခဲ့သည်။

အထက်တွေ ဖော်ပြခဲ့သည့် အမျိုသမီးနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ကမ္ဘာ့ကုလသမဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချတ်အမှတ် (၁၃၂၅) အရ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုး သ မီးတွေပါဝင်မှုရှိရေးသည် ကမ္ဘာ့ကုလသမဂ အဖွဲ့ဝင်နိုင်ငံများအတွက် လိုက်နာဆောင်ရွက်ရမည့် တာဝန််တစ်ခုဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုအားလုံးတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှု မရှိခြင်း သို့မဟုတ် နည်းပါးခြင်းက တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် သက်ဆိုင်သူအားလုံး ပါဝင်ရေးမူများ ကင်းမဲ့ခြင်းကို ဆိုလိုရာ ရောက်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများအနေဖြင့် နှစ်ဖက် ဆွေးနွေးဖက်အတွေအကြား ဆက်သွယ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန််းစဉ် လုပ်နည်းစဉ်တွေနဲ့ ပတ်သက်ပြီး တိုးတက်အောင် ပါဝင် လုပ်ဆောင်နိုင်သည့်အပြင် ဆွေးနွေးဖက်တွေအကြား ယုံကြည်မှုတည်ဆောက်ရေးကိုလည်း ပါဝင် ကူညီပေးနိုင်သည်။

ယခု စတုတ္ထအကြိမ်မြောက် NCA-S EAO WLPP အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် NCA-S EAO ဆယ်ဖွဲ့မှ အမျိုးသမီးခေါင်းဆောင်များအနေဖြင့် လာမည့် NCA-S EAO အ တွင်းပိုင်း ဆွေးနွေးပွဲများတွင် စတင် ပါဝင်လာနိုင်မည့် အစီအစဉ်များကိုလည်း အလုပ်ရုံဆွေးနွေးပွဲ တာဝန်ခံ ရဲဘော်မိဆူးပွင့်မှ ရှင်းလင်းတင်ပြသည်။ ယင်းနောက် လာမည့် NCA-S EAO အတွင်းပိုင်း ဆွေးနွေးပွဲများတွင် တက်ရောက်ကြမည့် အမျိုးသမီးကိုယ်စားလှယ်များအား NCA-S EAO တစ်ဖွဲ့ချင်းစီ၏ အမျိုး သမီးကိုယ်စားလှယ်များထဲမှ ရွေးချယ်ပွဲများကို ပြုလုပ်ခဲ့ကြသည်။ ဤတွင် NCA-S EAO အမျိုးသမီးများ၏ စိတ်အားထက်သန်တက်ကြွမှုကို အထင်းသား ထပ်မံမြင်တွေ့ရပြန်သည်။ တက်ရောက်လာသည့် အမျိုးသမီးကိုယ်စားလှယ်များမှာ မိမိတို့ မိသားစုအရေးကိစ္စများ၊ မိမိတိို့ကိုယ်စားပြုသည့် တစ်ဖွဲချင်းစီ၏ လုပ်ငန်းကိစ္စများ ရှိသည့်တိုင် ယခုကဲ့သို့ တိုင်းရင်းသားအားလုံး၏ ဘုံရည်မှန်းချက်အတွက် EAO တွေကို ကိုယ်စားပြုလျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တတပ်တအား ပါဝင်ရန် ပြတ်သားခိုင်မာသည့် စိတ်ဓာတ်များကို အထင်အရှား ထုတ်ဖော်ပြသလျက်ရှိကြသည်။

အချုပ်ဆိုရလျှင် အမျိုးသမီးများ ငြိမ်းချမ်းရေးလုပ်ငန််းစဉ်တွင် ပါဝင်ခြင်းမှာ အရေအတွက်ကိန်းဂဏန်းမျှသာ မဟုတ်ဘဲ အမျိုးသမီးခေါင်းဆောင်မှုအတွက် ဖြစ်ပါသည်။ မဝေးတော့သည့် အနာဂတ်တွင်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများအနေဖြင့် ညှိနှိုင်းဆွေးနွေးရေးစားပွဲတွင် ဆုံးဖြတ်ချက်များ ချမှတ်သူများ ဖြစ်လာရန် လိုအပ်မည် ဖြစ်သည်။ NCA-S EAO ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ကြိမ်ပြီးတိုင်းတွင် ပါ ဝင်တက်ရောက်ကြသည့် NCA-S EAO အမျိုးသမီးခေါင်းဆောင်ကိုယ်စားလှယ်များအနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အကြောင်း၊ ဖက်ဒရယ်စနစ်နှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အကြောင်းခြင်းရာများကို ပိုမို အသေးစိတ်ကျကျသိရှိလာကာ နောက်လာမည့် NCA-S EAO အတွင်း ပိုင်းဆွေးနွေးပွဲများမှသည် NCA-S EAO နှင့် အစိုးရ၊ တပ်မတော်တို့၏ ဆွေးနွေးပွဲများအထိ တက်ရောက်ပါ ဝင်ဆွေးနွေး နိုင်တော့မည် ဖြစ်သည်။ သို့ဆိုလျှင် WLPP အလုပ်ရုံဆွေးနွေးပွဲများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA-S EAO အမျိုးသမီးကိုယ်စားလှယ်များ၏ ခေါင်းဆောင်မှုအနာဂတ်ကို ခိုင်ကျည်ပြတ်သားသော သံန္နိဋ္ဌာန်ဖြင့် ယခုကတည်းကပင် ထုဆစ်ပုံဖော်လျက် ရှိနေသည်ဟု ဆိုသော် မှားအံ့မထင်။     

 

ကိုးကား။   Enhancing women's participation in peace processes by María Villellas Ariño


 

Share:
Comments
0 Comments 1931 Views
Leave a Comment