The Statement of PPST meeting (2/ 2018)

  • Topics:

    The Statement of PPST meeting (2/ 2018)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    October 10, 2018 09:00 AM

  • End Date:

    October 11, 2018 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၂/၂၀၁၈) ထုတ်ပြန်ကြေညာချက် [Zawgyi]
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်
***********************************************************
၁။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၂/၂၀၁၈) ကို အောက်တိုဘာလ (၁၀)ရက် မှ (၁၁)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
၂။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့မှုများအား ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်များ၏ သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များအကြား အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ပွဲမှတဆင့် ဆွေးနွေးအဖြေရှာ သွားနိုင်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နေပြည်တော်၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များနှင့် ပူးတွဲကျင်းပသွားရန် သဘောတူဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


ဆက်သွယ်ရန်

*************
ပူးဇင်ကျုံး
၀၆၂၈၂၅၁၀၀၃
[email protected]

ရဲဘော်သံခဲ
၀၉ ၄၂၀ ၃၃၀ ၄၆၀
[email protected], [email protected]

ပဒိုစောကွယ်ထူးဝင်း
၀၈၁၈၀၇၆၂၇၉
[email protected]

ဗိုလ်မှူးကြီးစိုင်းငင်း
၀၈၆ ၁၉၄၀၁၇၉ (ထိုင်း) ၊ ၀၉၄၂၈၃၃၃၈၅၅ (မြန်မာ)
[email protected], [email protected]