The closing speech of Col. Sai Ngern at preparatory meeting between Government and NCA-S EAO for 8th JICM

  • Topics:

    The closing speech of Col. Sai Ngern at preparatory meeting between Government and NCA-S EAO for 8th JICM

  • Location:

    NRPC, Nay Pyi Taw, Nay Pyi Taw

  • Category:

    Others

  • Start Date:

    October 25, 2019 09:00 AM

  • End Date:

    October 25, 2019 02:00 PM

  • Share:

Description

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပနိုင် ရေးအတွက် အစိုးရနှင့် NCA-S EAO အကြို ညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာလ (၂၅)  ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပလျက်ရှိရာ မွန်းလွဲပိုင်းတွင် ပြီးဆုံးခဲ့ပါသည်။
NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊   RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၏ အစည်းအဝေး   နိဂုံးချုပ်အမှာစကား အပြည့် အစုံကို အောက်တွင် ဖော်ပြထားပါသည်။


(၈) ကြိမ်မြောက် JICM အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA-S EAO အကြို ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO JICM ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်၊   RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၏   နိဂုံးချုပ်အမှာစကား

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်

ဒီနေ့ အကြိုညှိနှိုင်း အစည်းအဝေးကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ထိုက်သင့်တဲ့ ရလဒ်တွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့လို့ များစွာ ဝမ်းမြောက် ဂုဏ် ယူမိပါကြောင်း NCA-S EAO များ ကိုယ်စား ပြောကြားလို ပါ တယ်။

နှစ်ဖက်ဆွေးနွေးဖော်ဆွေးနွေးဖက်တွေဟာ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အချင်းချင်းကြား နားလည်မှုရှိရှိ၊ ရင်းနှီးပွင့်လင်းစွာနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့လို့ ဒီအ စည်းအဝေးဟာ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့ပါ တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဆွေးနွေးနိုင်တဲ့ အစည်းအဝေးအခင်းအကျင်းဖြစ်အောင် ဆောင်ရွက်ပေးတဲ့ နှစ် ဖက်က တာဝန်ရှိသူများကိုလည်း ချီးမွမ်းထောပနာ ပြုပါတယ်။

သူ့မူကိုယ့်မူတွေကို အသေဆုပ်ကိုင်မထားဘဲ ရှေ့တိုးနောက်ဆုတ်နိုင်အောင်၊ လူးသာလွန့်သာ ဖြစ်အောင် ဆွေးနွေးညှိနှိုင်းသွားကြဖို့ မိမိတို့ သက်ဆိုင်ရာ ညှိနှိုင်း ရေးမှူးတွေကို လမ်းညွန်ပေးကြတဲ့ နှစ်ဖက်က ထိပ်သီး ခေါင်းဆောင်ကြီးများကိုလည်း  ဦးညွတ်ဂါရဝ ပြုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ အဓိကအရေးကြီးတဲ့ အချက်တစ်ခုက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ယုံကြည်မှုနည်း၊ ယုံ ကြည်မှုမရှိရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။  ယုံကြည်မှုတည်ဆောက်တာကို အပြောသက်သက် နဲ့ ဆောင်ရွက်လို့ မရ သလို အတင်းအဓမ္မယုံကြည်အောင် လုပ်ဆောင်လို့လည်း မရနိုင်ပါဘူး။ ရိုးသားမှု၊ လူကြီးလူကောင်းဆန်မှု၊ စိတ်ရင်း စေတနာသန့်သန့်ရှိမှု၊ လက်တွေ့ကျကျ အစီအမံတွေနဲ့ လက်တွေ့ဆောင်ရွက်ပြနိုင်မှသာ ယုံကြည်မှုဆိုတာ သူ့အလိုလို ရှိလာမှာဖြစ်ပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ဆောင်ရွက်နေတာဟာ NCA လက်မှတ် ထိုးဖော်ထိုးဖက် အချင်းချင်းကြားမှာကွာဟမှုကို ပိုမိုဖြစ်စေပါတယ်။ အစွန်းတစ်ဖက်ကို တွန်းပို့ရာ ရောက်စေ နိုင်ပါတယ်။

JICM အစည်းအဝေးအတွက် ဒီနေ့အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပရတာဖြစ်လို့ JICM အစည်းအဝေး ကျင်း ပ တဲ့အခါ အရင်လိုလွဲချော်မှုမျိုး ထပ်မံ မကြုံ တွေ့ ဖို့ သတိထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ မျှမျှတတ အခင်း အကျင်းနဲ့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အဖြေရရှိအောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။

တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်း ရှေ့ဆက်သွားနိုင်ရေး၊ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် ကျင်းပ နိုင်ရေး၊ ၂၀၂၀ နှစ်ဆန်းလောက်မှာ ၂၁ရာစုပင်လုံ ကျင်းပနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် သက်ဆိုင်တဲ့ အစုအဖွဲ့အားလုံးဟာ ပြည်ထာင်စုသားအကျိုး ဦးထိပ်ထားပြီး လက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။