PPST Leader delivered the Closing Speech at the end of the PPST Meeting (04/ 2019)

  • Topics:

    PPST Leader delivered the Closing Speech at the end of the PPST Meeting (04/ 2019)

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    August 21, 2019 09:00 AM

  • End Date:

    August 25, 2019 04:00 PM

  • Share:

Description

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၄/၂၀၁၉) အပြီး PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားသည့် နိဂုံးချုပ်မိန့်ခွန်း ကို ဖော်ပြအပ်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး (၀၄/၂၀၁၉)တွင် ပြောကြားသည့် ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ် မိန့်ခွန်း

၂၀၁၉ခုနှစ်၊ သြဂုတ်လ (၂၅)
***********************

လေးစားအပ်သော PPSTအဖွဲ့ဝင်ခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ် စားလှယ်များခင်ဗျား၊ ဒီ(၅) ရက်တာတိုင်တိုင် ကျင်းပခဲ့တဲ့ ကျနော်တို့PPST အစည်း အဝေးဟာ အားလုံးအတွက် ထိုက်သင့်တဲ့၊ လက်ခံနိုင်တဲ့၊ ကောင်းမွန်တဲ့၊ အပြုသဘော ဆောင်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့လို့ ကျနော်အနေနဲ့ အင်မ တန်မှ ဝမ်းမြောက်မိပါ တယ်။ ဒီလိုရလဒ်ကောင်းတွေ ရရှိအောင် ရင်းနှီးပွင့်လင်းစွာ အကျေအလည် ဝိုင်းဝန်း ဆွေးနွေးပေးကြတဲ့ ခေါင်းဆောင်များကိုလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

မွန်ပြည်သစ်ပါတီ(NMSP)နဲ့ လားဟူဒီမိုကရက်တစ် အစည်းရုံး (LDU)တို့ဟာ ဒီအစည်းအဝေးမှာ PPSTရဲ့ တင်းပြည့်အဖွဲ့ဝင်တွေအဖြစ် ဝင်ရောက် လာတဲ့ အ တွက် ကျနော်တို့ရဲ့ စုဖွဲ့မှုနဲ့ စုစည်းအားကို အား သစ်လောင်းပေးခဲ့တာဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကျေးဇူးဥပကာရ တင်ရှိ ပါ တယ်။

ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေကို ဝိုင်းဝန်း သုံးသပ်နိုင်ခဲ့လို့ ရှေ့ လုပ်ငန်းစဉ် ချမှတ်ရာမှာ များစွာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့မှုကျော်လွှားရေး ညှိနှိုင်းဆွေးနွေးဖို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်ရေး နည်းလမ်း (၄)ရပ်ကို ဆွေးနွေးဖို့ အဖွဲ့ဝင် (၁၀)ဦးပါ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ကို ဖွဲ့ စည်းပေးနိုင်ခဲ့လို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးကို မကြာမီ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်းဆွေး နွေး ပွဲများကနေ တဆင့် တရားဝင်ဆွေးနွေးပွဲများနဲ့ ၂၁ရာစု ပင်လုံတို့ကို ကျင်းပနိုင်ရေး လမ်းပွင့် သွား မယ်လို့ မျှော်လင့်ပါတယ်။

PPSTရဲ့ စုဖွဲ့မှုကို ထပ်မံဆွေးနွေးညှိနှိုင်းဖို့ အလုပ်အဖွဲ့တစ်ခု ဖွဲ့စည်းပေးနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံး ပါဝင် နိုင်ရေးကို လည်း ကျနော်တို့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြတယ်။

ကျနော်တို့တတွေ ဒီPPSTထီးရိပ်အောက်မှာ လာရောက်စုစည်းနေကြတာဟာ အကြောင်းရင်း (၃)ချုက် ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရှိတဲ့ ပြည်နယ် များဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို ခင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုခြင်း၊ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဖွံ့ဖြိုးတိုးတက် သာယာဝပြောတဲ့ နိုင်ငံဖြစ်လိုခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ကျနော်တို့ပြည်ထောင်စုထက် နောက်ကျပြီး လွတ်လပ်ရေးရကြတဲ့ တရုတ်နိုင်ငံနဲ့ မလေးရှား နိုင်ငံတို့ဟာ လက်ရှိအချိန်မှာ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့ အခြားကဏ္ဍ တွေမှာ ကျနော်တို့ပြည်ထောင်စုထက် အဆပေါင်း များစွာ သာလွန်နေတာဟာ သူတို့နိုင်ငံတွေ နဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေး စနစ်တွေ ချ မှတ်ကျင့်သုံးနိုင် ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အချိန်၊ ခေတ်၊ စနစ်တို့နှင့် တပြေး ညီ ရဲရဲဝံ့ဝံ့ ကျင့်သုံးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

ကျနော်တို့တတွေဟာ ဘုံရည်မှန်းချက်တွေတူညီလို့သာ ဒီPPST အရိပ်အာဝါသ အောက်မှာ စုစုစည်းစည်းနဲ့ လာရောက် ခိုလှုံနေတာဖြစ်ပေမယ့် လုပ်ငန်းပိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုပြီး တစ်ဖွဲ့ချင်းအရေးနဲ့ အားလုံးအရေးကို ဟန်ချက်ညီအောင် မူချ မှတ်ပေးခဲ့ပါတယ်။ အားလုံး အရေးကို ပူးတွဲဆောင်ရွက်ပေမယ့် တစ်ဖွဲ့ချင်းအရေးကို သက်ဆိုင်တဲ့ အဖွဲ့ အ စည်းကပဲ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့်အညီ ဆောင်ရွက်ဖို့ မူရှိခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ရှင်တော်မြတ်ဗုဒ္ဓရဲ့ အဆုံးအမသြဝါဒဖြစ်တဲ့ မေတ္တာတရား နဲ့ ဆောင်ရွက်ရင် ဘယ်အရာ မဆို အောင်မြင်နိုင်တယ် ဆိုတဲ့အတိုင်းပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာရော၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာပါ မေတ္တာတရားကို မြဲမြံစွာ ကိုင်စွဲပြီး ဆောင်ရွက်တည်ဆောက်သွား မယ်ဆိုရင် မလွဲမသွေ မုချ အောင်မြင်မှာ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။