Peace Process Steering Team’s Special Meeting held today

  • Topics:

    Peace Process Steering Team’s Special Meeting held today

  • Location:

    video conferencing, video conferencing

  • Category:

    PPST

  • Start Date:

    February 2, 2021 10:00 AM

  • End Date:

    February 2, 2021 04:00 PM

  • Share:

Description

NCA-S EAO Peace Process Steering Team’s (PPST) Special Meeting was held through video conference today.

General Yawd Serk, the Acting Leader of PPST, delivered the Opening Speech at the beginning of the meeting.

The Opening Speech of General Yawd Serk, the Acting Leader of PPST is as follows:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အထူးအစည်းအဝေးတွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အထူးအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။  အားလုံးကို ကျန်းမာချမ်းသာစွာနဲ့ ပြန် လည်တွေ့ဆုံရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

ဒီနေ့အထူးအစည်းအဝေးမှာ ရွေးကောက်ခံအစိုးရထံမှ တပ်မတော်က အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို အလေးထား ဆွေးနွေးသုံးသပ်ပြီး မိမိတို့ NCA-S EAO တို့ရဲ့ သဘောထားရပ်တည်ချက်များကို ချမှတ်သွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တစ်ဖွဲ့ချင်းရဲ့ သဘောထားများကို တင်ပြဆွေးနွေးကြပြီး ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်သွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။

အခုအချိန်ဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊​စစ်ရေးအတွက် အရေးကြီးလှတဲ့ အချိုးအကွေ့၊ အလှည့်အပြောင်းဖြစ်လို့  လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်ရာမှာ  စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ အထူးသတိထား ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းများနဲ့အညီ သင့်တော်စပ်ဟပ်တဲ့ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ရဲရဲဝံ့ဝံ့ ချမှတ်သွားရမှာ ဖြစ်ပါတယ်။

လက်ရှိအကျပ်အတည်းအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၊ ပြည်သူလူထုများနဲ့ နိုင်ငံတကာတို့ရဲ့ သဘောထားများကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။

ဒီအစည်းအဝေးမှာ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်ညီလာခံ (ဒုတိယပိုင်း)  ကျင်းပနိုင်ရေးကိုလည်း  ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါ တယ်။