Peace Process Steering Team (PPST) Special Meeting (01/ 2022) to be held from 6 to 7 May 2022

  • Topics:

    Peace Process Steering Team (PPST) Special Meeting (01/ 2022) to be held from 6 to 7 May 2022

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    May 6, 2022 09:00 AM

  • End Date:

    May 7, 2022 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) Special meeting (01/ 2022) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အထူးအစည်းအဝေး(၀၁/၂၀၂၂)တွင် ပြောကြားသည့်
PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း

၂၀၂၂ ခုနှစ်၊ မေလ (၆)ရက်

 

ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အထူးအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ PPSTခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ PPST ပူးပေါင်းအဖွဲ့များ၊ PPST အကြံပေးပုဂ္ဂိုလ်များ၊ အထောက်အကူပြု များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့  ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

ဒီနေ့ PPST အထူးအစည်းအဝေး ခေါ်ယူရခြင်းနဲ့စပ်လျဥ်းပြီး ရှင်းလင်းတင်ပြလိုပါတယ်။ အထူးအစည်းအဝေး ခေါ် ယူကျင်းပရခြင်းရဲ့ အကြောင်းအရာကတော့ SAC ဥက္ကဌ ဖိတ်ခေါ်မှုကိစ္စအပေါ် PPST အဖွဲ့ဝင်များ၊ PPST ပူးပေါင်းအဖွဲ့ အစည်းများတို့အကြား အမြင်သဘောထားများ ဖလှယ်ပြီးတော့ သဘောထားများကို စုစည်းပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ ချမှတ်နိုင်ရန်နဲ့ အဲဒီကတဆင့် စုပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်မျှော်ပြီး ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး Stakeholder များအကြား မတူကွဲပြားတဲ့ အမြင်သဘောထားတွေ ရှိနေတာကို အား လုံး ကြားသိရပြီး ဖြစ်ပါလိမ့်မယ်။ ဒီအတွက် PPST အနေနဲ့ ဒီဖိတ်ခေါ်မှုကို ချဥ်းကပ်တဲ့အခါမှာ ပြီးခဲ့တဲ့ Summit က ချမှတ် ပေးလိုက်တဲ့ NCA အနှစ်သာရ မူ (၃) ချက်၊ နိုင်ငံရေးရည်မှန်းချက် (၇) ချက်နဲ့ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် (၈) ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ အထွေထွေနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း ဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားပါတယ်။ ဒါ့အပြင် မည်သည့် ဆွေးနွေးညှိနှိုင်းမှုများမှာမဆို သက်ဆိုင်သူ အားလုံးပါဝင်ရမှာဖြစ်ပြီး ပဋိပက္ခများ လျှော့ချနိုင်ရေးနဲ့ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူများကို အကာအ ကွယ်ပေးနိုင်ရေးအတွက်လည်း အစဥ်တစိုက် ကြိုးပမ်းနေရမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အမြင်များကိုလည်း အလေးအ နက်ထားပြီး နားလည်မှုများရရှိရေးကို အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့အထူးအစည်းအဝေးကြီးက SAC ဥက္ကဌ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး -

၁။ မိမိတို့အတွင်း အကျေအလည် ဆွေးနွေးပြီး သဘောထားများကို သတ်မှတ်ထားသော အချိန်အတွင်း စုစည်းသွားဖို့နဲ့

အခြား EAOs များနှင့်လည်း ဆက်လက် ညှိနှိုင်းသွားဖို့၊

၂။ ၄င်းဖိတ်ကြားမှုအပေါ်  ပြင်တွင်းပြည်ပမှ ဆန့်ကျင်သော၊ အမြင်မတူညီသော အင်အားစုများနဲ့လည်း နားလည်မှုရရှိရေး ကြိုးပမ်းသွားဖို့၊

၃။ နိုင်ငံတကာ အသိုင်းအ၀ိုင်းထံမှလည်း အကြံပြုချက်များ ရယူသွားဖို့၊

၄။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများအတွက် အချက်အလက်အားဖြင့် ပြည့်စုံမှုရှိစေရေးအတွက် ပြင်ဆင်သွားကြဖို့တို့ အတွက် သဘောထားနဲ့ လုပ်ငန်းစဥ်များ ချမှတ်နိုင်ကြဖို့ကို အလေးအနက် တိုက်တွန်းလိုပါတယ်။

နောက်ဆုံးအနေနဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကို အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းပြီး စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက် တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။