Peace Process Steering Team (PPST) Meeting (20/ 2021) to be held from 12 to 13 October

  • Topics:

    Peace Process Steering Team (PPST) Meeting (20/ 2021) to be held from 12 to 13 October

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    October 12, 2021 08:30 AM

  • End Date:

    October 13, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (20/ 2021) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၂၀/၂၀၂၁)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၂၀/၂၀၂၁)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ 

မိမိတို့ PPST ဦးဆောင်မှုအလုပ်အဖွဲ့ (၃)ဦး ကော်မတီက PPSTကို ယာယီဦးဆောင်ပြီး လုပ်ငန်းများ ဝိုင်းဝန်း လက်တွဲဆောင်ရွက်လာတာဟာ အခု ဆိုရင် သုံးလ တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။ ဒီသုံးလတာ ကာလအတွင်း မှာ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးနဲ့ ပတ်သက်လို့ PPSTရဲ့ သဘောထားရပ်တည်ချက်ကို တိတိကျကျ ချမှတ်နိုင်ခဲ့တယ်။ ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကိုဗစ် ၁၉ ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးလို့ ကိုဗစ် ၁၉ ကာကွယ် ဆေးနဲ့ အထောက်အကူပြုပစ္စည်းများ ပြည်သူလူထုလက်ဝယ်  ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ စစ်ပြေးရှောင်လူထုအတွက်လည်း လူသား ချင်းစာနာမှုဆိုင်ရာ အထောက် အပံ့ရရှိရေး ဆောင်ရွက်ပေးခဲ့တယ်။ တစ်ဖက်တွင်လည်း လက်ရှိပြည်တွင်းနိုင်ငံရေးအကျပ်အတည်း ဖြေရှင်း ရေး ကြိုးပမ်းနည်းလမ်းရှာနေတဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာ ညှိနှိုင်းနေသလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ် မြောက်ရေးအတွက် NCA စာချုပ် အသိသက်သေ နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့လည်း ကြိုးပမ်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီဆွေး နွေးပွဲတွေအတွက် ကြိုတင် ပြင်ဆင် တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်သွားရန်ဆိုတဲ့ ကတိကဝတ်ဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ လ (၁၅) ရက်နေ့မှာ လက်မှတ်ရေးထိုးတာဖြစ်လို့ လာမယ့် အောက်တိုဘာလ (၁၅) ရက်နေ့ဆိုရင် NCA စာချုပ်လက်မှတ်ထိုးခြင်း (၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားကို ပူးတွဲကျင်း ပခဲ့ပေမယ့် ဒီနှစ်မှာတော့ နိုင်ငံရေးအခြေအနေအရ ယခင်နှစ်များကဲ့သို့ ကျင်းပသင့်၊ မကျင်းပသင့်ဆိုတာကို ဒီအစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေး သဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ပြည်ထောင် စုမြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ကြားသိရပါတယ်။ အထူးကိုယ်စားလှယ်ဟာ သူ့ခရီးစဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးရဲ့ ခေါင်းဆောင် များ၊ တာဝန်ရှိသူများနဲ့ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး ရလဒ်ကောင်းတဲ့ အစကောင်းတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့ PPST အနေနဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မကြာသေးခင်မှာ တပ်မတော်က ထုတ်ပြန်တဲ့  (၅)လတာ အပစ်ရပ်ခြင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်နဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ အမြင် ချင်းဖလှယ် ဆွေးနွေးသွားဖို့ ရှိပါတယ်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်တဲ့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေများကို လည်း မိမိတို့ PPSTအနေနဲ့ အနီးကပ်သတိထား စောင့်ကြည့်နေပါ တယ်။ ထိုက်သင့်တဲ့ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ကိစ္စကိုလည်း  ဒီအစည်းအဝေးမှာ ဆွေး နွေးပြီး ညီလာခံကြိုတင်ပြင်ဆင်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွား မှာ ဖြစ်ပါတယ်။

မိမိတို့ဟာ NCA စာချုပ် အနှစ်သာရများကို အခြေခံပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ PPSTရဲ့ နိုင်ငံရေးရည်မှန်းချက် (၇) ရပ်နဲ့  ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။