Peace Process Steering Team (PPST) Meeting (19/2021) to be held from 7 to 8 September

  • Topics:

    Peace Process Steering Team (PPST) Meeting (19/2021) to be held from 7 to 8 September

  • Location:

    Video Conferencing, Video Conferencing

  • Category:

    PPST

  • Start Date:

    September 7, 2021 09:00 AM

  • End Date:

    September 8, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (19/ 2021) was started via video conference this morning. The meeting is to be held until tomorrow.

The Leader of PPST Leading Committee, Nai Aung Min, delivered the Opening Speech at the beginning of the meeting which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၁၉/၂၀၂၁)တွင် ပြောကြားသည့်

ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်း

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၇)ရက်


ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး(၁၉/၂၀၂၁)သို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး မင်္ဂ လာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

မိမိတို့တိုင်းပြည်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့လာရတာ အခုဆိုရင် (၇)လ ကျော်လာပြီ ဖြစ်ပါတယ်။ ဒီနိုင်ငံရေးအထွေထွေ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ပြည်တွင်းပြည်ပ သက်ဆိုင်တဲ့ အဖွဲ့အစည်းများအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပေမယ့်  ခုထက်ထိ ဖြေ ရှင်းနိုင်ခြင်းမရှိခဲ့တာကို အားလုံး သိပြီး ဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်ရသလို တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း ခုခံ ကာကွယ်နေရပါတယ်။ ဒီနိုင်ငံရေးအကျပ်အတည်းနဲ့ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ မိမိ တို့ PPST အနေ နဲ့ နည်းလမ်းရှာ ကြိုးပမ်းနေပါတယ်။

PPSTအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ NCA စာချုပ်ရဲ့ အနှစ်သာရကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်း များအားလုံးပါ ဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ အတိအလင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲများကျင်းပနိုင်အောင် NCA စာချုပ် အသိသက်သေနိုင်ငံများနဲ့ အဖွဲ့အစည်းများကို ကြားဝင်စေ့စပ် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ ပြီး ဤတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက် လက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေပါတယ်။

တစ်ဖက်တွင်လည်း အာဆီယံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မကြာမီ ပြည်တွင်းကို လာရောက်မယ့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ် ယူဆွတ်- Mr. Erywan Yusof နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းဆက်သွယ် ဆောင်ရွက်နေပါ တယ်။

ထို့အပြင် မိမိတို့လက်ရှိတိုင်းပြည် နိုင်ငံရေးအကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေကြသော ပြည်သူလူထုများအ တွက် လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့များပေးနိုင်ဖို့ လေးလတာ အပစ်ရပ်ပေးရေး အာဆီယံ အထူးကိုယ်စား လှယ်ရဲ့ တောင်းဆိုချက်ကို ကြိုဆိုပါတယ်။ ဤလူသား ချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်ငန်းကို တတ်နိုင်သမျှ လက်တွဲ ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်။

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ (CSMC) ကို ဖွဲ့ စည်းပေးခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ သင့်တော်သလို တွေ့ဆုံခဲ့ပါတယ်။ ပြည်သူလူထုများအားလုံးကို  ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင်ရေးနှင့် EAO နယ်မြေ အတွင်း ရှိတဲ့ ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဝန်ထမ်း များ အရည်အသွေးမြှင့်တင်နိုင်ရေးကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဒီအစည်းအဝေးမှာ အစည်းအဝေးအစီအစဉ်အတိုင်း ဆွေးနွေးကြပြီး ကောင်းမွန်တဲ့ရလဒ်ရရှိအောင် ဆွေးနွေးညှိနှိုင်းပေး ကြဖို့ တိုက်တွန်းပါတယ်။

COVID- 19 ကပ်ရောဂါ ကူးစက်နေတဲ့ကာလမှာ ပြည်သူလူထုများနဲ့ ခေါင်းဆောင်များအနေနဲ့ မိမိတို့ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ နှိုး ဆော်ရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။