Peace Process Steering Team (PPST) meeting (15/ 2021) to be held from 26 to 27 April

  • Topics:

    Peace Process Steering Team (PPST) meeting (15/ 2021) to be held from 26 to 27 April

  • Location:

    video conferencing, video conferencing

  • Category:

    PPST

  • Start Date:

    April 26, 2021 09:30 AM

  • End Date:

    April 27, 2021 04:00 PM

  • Share:

Description

Peace Process Steering Team (PPST) meeting (15/ 2021) was started in video conference this morning. The meeting is to be held until tomorrow.

The Acting Leader of PPST, General Yawd Serk, delivered the Opening Speech which is expressed below:

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၁၅/၂၀၂၁)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၆) ရက်

 

ဒီနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။ 

ဧပြီလ (၁၆)ရက်နေ့မှာ အင်အားစုအသီးသီး စုပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာဖြစ်လို့   အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ခြင်းအပေါ် မိမိတို့ PPSTအနေနဲ့  နှစ် ထောင်းအားရ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

ဧပြီလ (၂၄)ရက်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးရဲ့ ဘုံသဘောထားသဘောတူညီချက်(၅)ချက်ကို ကြိုဆိုပြီး တိကျတဲ့ လုပ် ငန်းစဉ်၊ အချိန်ဇယားတွေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ အာဆီယံကို အလေးအနက် မေတ္တာရပ်ခံပါတယ်။ ဘုံသဘောတူညီချက် (၅)ချက် ဖြစ်တဲ့ အကြမ်းဖက်လုပ် ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်အကျိုး ဆောင်စေ့စပ်ပေး ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်တွင်းသို့လာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရေးတို့ကို အကောင်အ ထည်ဖော်ဆောင်ရွက်ရာမှာ မိမိတို့ EAO များအနေနဲ့ အာဆီယံနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီး ထိန်းသိမ်းထားတဲ့ ခေါင်းဆောင်များနဲ့ ပြည်သူလူထုများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အာဆီယံမှ ကြိုးပမ်းဆောင်ရွက်ပေးဖို့ လည်း တောင်းဆိုပါတယ်။

အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်နင်းမှုတွေကြားက နည်းလမ်းပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ နွေဦးတော်လှန်ရေးကို  သုံးလနီးပါးကြာ စဉ်ဆက်မပြတ် ဆင်နွှဲနေခြင်းများအတွက် အလွှာအသီးသီးက ပြည်သူလူထုတို့အား  ဂုဏ်ပြုပါကြောင်းနဲ့ ထောက်ခံအားပေးကူညီပံ့ပိုးဝန်းရံခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

နွေးဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူလူထု (၇၀၀)ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ပါတယ်။

ဒီနှစ်ရက်တာ ကျင်းပတဲ့အစည်းအဝေးမှာ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိပါတယ်။ ဒီအစည်းအဝေးမှာ ကောင်းမွန် တဲ့ရလဒ် ရရှိအောင် ဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။