Peace Process Steering Team (PPST) Meeting (10/ 2020) successfully ends this evening

  • Topics:

    Peace Process Steering Team (PPST) Meeting (10/ 2020) successfully ends this evening

  • Location:

    No.6. Shwe Li Street, Kamayut Township, Yangon

  • Category:

    PPST

  • Start Date:

    July 10, 2020 10:00 AM

  • End Date:

    July 10, 2020 05:00 PM

  • Share:

Description

Peace Process Steering Team (PPST) Meeting (10/ 2020) which started through video conference this morning, successfully ended this evening. General Yawd Serk, the Acting Leader of PPST, delivered the Concluding Speech as expressed below:


                           ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး (၁၀/၂၀၂၀)တွင် ပြောကြားသည့်

                         ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း

                        ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်

(၁၀) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။  ရလဒ်ကောင်းရရှိအောင် ကျေကျေလည်လည် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးခဲ့လို့ပဲ ဖြစ်ပါ တယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ပါဝင်မယ့် အဓိက အပိုင်း (၃) ပိုင်းဖြစ်တဲ့ NCA  အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင် သဘော တူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ၊  အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ အစီရင်ခံတင်ပြချက်နဲ့  ပတ်သက်တဲ့ သဘောထားတွေ၊ PPWT ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်တဲ့  လမ်းညွှန်မှုတွေကို ဒီအစည်းအဝေးမှာ ချမှတ်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာကိစ္စများ၊ ဆက်စပ် အစည်းအဝေးများ အချိန်ဇယားတွေကို အတည်ပြုနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းချမှတ် နိုင်ခဲ့တယ်။

လျာထားသတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင် ရေးနဲ့ အဓိပ္ပာယ်ရှိတဲ့၊ အနှစ်သာရပြည့်ဝတဲ့ ညီလာခံ ဖြစ်ရေးအတွက် ညှိနှိုင်း ရေးအဖွဲ့တွေအနေနဲ့ ကြိုးပမ်းညှိနှိုင်းဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

ညှိနှိုင်းဆွေးနွေးရာမှာ အားလုံးအတွက် အကျိုးရှိတဲ့ အရာဆိုရင် အလျှော့အတင်း လုပ်ဖို့ လိုအပ်ပါတယ်။ လုပ်ရဲရပါမယ်။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတ ဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးကို ပြန်လည် ကျင်းပနိုင်ခဲ့ခြင်းဟာ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအောက်မှာ နေထိုင်သွားလာ လှုပ်ရှားတာ ဖြစ်တဲ့အတွက် အားလုံးအနေနဲ့ ကျန်းမာရေး လမ်းညွှန်ချက်များနဲ့အညီ နေထိုင်သွား လာကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိပါ တယ်။