Peace Process Steering Team Meeting (10/ 2020) held in video conference this morning

  • Topics:

    Peace Process Steering Team Meeting (10/ 2020) held in video conference this morning

  • Location:

    No.6. Shwe Li Street, Kamayut Township, Yangon

  • Category:

    PPST

  • Start Date:

    July 10, 2020 10:00 AM

  • End Date:

    July 10, 2020 04:00 PM

  • Share:

Description

NCA-S EAO Peace Process Steering Team (PPST) Meeting (10/ 2020) has been held in video conferencing since this morning. General Yawd Serk, the Acting Leader of PPST, delivered the Opening Speech which is expressed below:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး (၁၀/၂၀၂၀)တွင် ပြောကြားသည့်
ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်း
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်

(၁၀)ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ခေါင်းဆောင်များအားလုံးကို မင်္ဂလာပါလိုနှုတ်ခွန်းဆက်သပါတယ်။  အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်း ပေးပါတယ်။

ဒီအစည်းအဝေးမှာ (၈) ကြိမ်မြောက် JICM အစည်းအဝေးရဲ့ သဘောတူညီချက်(၈)ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အစိုးရနှင့် မိမိ တို့ NCA-S EAOတို့ရဲ့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးညှိနှိုင်း လာကြတာ (၅) ကြိမ် ရှိပြီဖြစ်လို့ ညှိနှိုင်းဆွေးနွေးပွဲ (၅) ကြိမ်မှ ရရှိလာတဲ့ ရလဒ်တွေကို  အဓိက အလေးထားဆွေး နွေးသွားမှာ  ဖြစ်ပါတယ်။ သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ပါဝင်မယ့် အဓိက အပိုင်း (၃) ပိုင်းဖြစ်တဲ့ NCA  အကောင်အ ထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင် အထည်ဖော်မှုများနဲ့ပတ်သက်လို့ ရရှိတဲ့ ဆွေးနွေးညှိနှိုင်းခြင်းရလဒ်တွေအ ပေါ် ဒီ PPST အစည်းအဝေးမှာ လမ်းညွှန် မှုတွေကို ချမှတ်ပေးမှာ ဖြစ်ပါတယ်။

ထို့အတူ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ရဲ့ အစီရင်ခံတင်ပြချက်နဲ့ PPWT ရဲ့ လုပ်ငန်းဆောင် ရွက်ချက်များကိုလည်း သုံးသပ်ဆွေး နွေးပြီး လမ်းညွှန်မှုပေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာလုပ်ငန်းများနဲ့ ငြိမ်း ချမ်းရေးရှေ့လုပ်ငန်းစဉ်တွေကို ဆွေး နွေးမှာ ဖြစ်ပါတယ်။ လျာထားတဲ့အချိန်ကာလအတိုင်း ညီလာခံကျင်းပနိုင်ရေး နဲ့ ရလဒ်ကောင်းထွက်ရှိတဲ့ ညီလာခံ ဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

တစုတဖွဲ့အရေး၊ လူမျိုးတမျိုးအရေးထက် အားလုံးအရေး၊ ပြည်ထောင်စုအရေးကို ဦးထိပ်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ဆောင် ရွက်သွားကြမယ်ဆိုရင် မိမိတို့အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ပြည်ထောင်စု  တည်ဆောက်နိုင်မှာ  ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ အားလုံးအတွက် မျှမျှတတဖြစ်စေတဲ့ ရလဒ်ထွက်ပေါ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆွေးနွေးညှိ နှိုင်းပေးကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။