Peace Process Steering Team Meeting (09/ 2020) successfully ends this afternoon

  • Topics:

    Peace Process Steering Team Meeting (09/ 2020) successfully ends this afternoon

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    PPST

  • Start Date:

    March 2, 2020 09:00 AM

  • End Date:

    March 3, 2020 04:30 PM

  • Share:

Description

NCA-S EAO Peace Process Steering Team Meeting successfully ended this afternoon which started yesterday morning in Chiang Mai, Thailand. General Yawd Serk, the Acting Team Leader of PPST, delivered the Closing Speech at the meeting.

The Closing Speech of General Yawd Serk is as follows:


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး (၀၉/၂၀၂၀)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း

              ၂၀၂၀ ခုနှစ်၊ မတ်လ (၃)ရက်

ဒီနှစ်ရက်တာ (၉) ကြိမ်မြောက် PPSTအစည်းအဝေးမှ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့နဲ့ ပတ်သက်တဲ့ အစီအစဉ်ကောင်းတွေ၊ အစီအမံ ကောင်းတွေ၊ လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ကို ချမှတ်နိုင်အောင် အကျေအလည် ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြတဲ့ ခေါင်းဆောင်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးအထူးတင် ပါတယ်။

ဒီအစည်းအဝေးမှာ အစိုးရနှင့် မိမိတို့ NCA-S EAOတို့ရဲ့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ (၂)ကြိမ်တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး ရရှိလာတဲ့ရလဒ်တွေကို  ဆွေးနွေးပြီး ညှိနှိုင်းရေးအဖွဲ့အတွက် လမ်းညွှန်ချက်တွေ ချမှတ်ပေးနိုင်ခဲ့ တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အားသစ်လောင်းပေးနိုင်ခဲ့တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ထားမှုများ၊ UPDJCနှင့် JMC အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခင်း အကျင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေး နည်းလမ်းများ စတာတွေကို ဒီနှစ်ရက်တာ အ စည်းအဝေးမှာ  အပြန်အလှန် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်။

လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေတို့နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဝိုင်း ဝန်းချမှတ်နိုင်ခဲ့တယ်။ လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်ကို ဝိုင်းဝန်းသုံးသပ်နိုင်ခဲ့တယ်။ အမြင်ချင်း ဖလှယ်နိုင်ခဲ့တယ်။

ညှိနှိုင်ရေးအဖွဲ့အနေနဲ့ PPSTက ချမှတ်ပေးထားတဲ့ လမ်းညွှန်ချက် လုပ်ပိုင်ခွင့်ဘောင်အတိုင်း ကြိုးပမ်းလိုက်နာ ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ သူ့ဖက် ကိုယ့်ဖက်၊ မျှမျှတတဖြစ်အောင် ဆွေးနွေး ညှိနှိုင်းသွားရမှာဖြစ်ပြီး လိုအပ်ပါက  အားလုံးအကျိုးအတွက်ဆိုရင် အလျှော့အတင်းကို ရဲရဲဝံ့ဝံ့ ပြုလုပ်ရမှာ ဖြစ် ပါတယ်။

လက်ရှိမှာ မိမိတို့ဟာ ရေတိုလုပ်ငန်းစဉ်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးမှတဆင့် ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးကိုဦးတည်ပြီး လုပ်ငန်း တွေကို ဦးစားပေးဆောင်ရွက်နေ တယ်ဆိုပေမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရေရှည်လုပ်ငန်းစဉ်တွေကို လည်း  ဒီအစည်းအဝေးမှ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါ ကြောင်းပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။