Peace Commission meets NCA-S EAO in Chiang Mai, Thailand today

  • Topics:

    Peace Commission meets NCA-S EAO in Chiang Mai, Thailand today

  • Location:

    Chiang Mai, Thailand, Chiang Mai

  • Category:

    Others

  • Start Date:

    November 20, 2019 09:00 AM

  • End Date:

    November 20, 2019 04:00 PM

  • Share:

Description

Peace Commission meets ten members of NCA-S EAO in Chiang Mai, Thailand today. The welcoming remark of Col. Sai Ngern, the Secretary-2 of RCSS is as follows:


ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA-S EAO (၁၀)ဖွဲ့ တွေ့ဆုံပွဲတွင် ပြောကြားသည့်  RCSSအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်း၏ ကြိုဆို နှုတ်ခွန်းဆက်စကား

                                                             ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်


ဒီနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြတဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) က ကိုယ်စားလှယ်များနဲ့ NCA-S EAO ကိုယ်စားလှယ် များအားလုံး ကိုယ်ရောစိတ်ပါ အေး ချမ်းကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

အောက်တိုဘာလ နောက်ပိုင်း ငြိမ်သက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်အောင် စိတ်ရှည်စွာ ကြိုး ပမ်း ဆောင်ရွက်ပေးတဲ့ အစိုးရအကြီးအကဲ များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)နဲ့ ငြိမ်း ချမ်းရေးကော်မရှင်(PC)တို့ကို ကျေးဇူးအထူးတင်ပါတယ်။ တွေ့ဆုံပွဲဖြစ် မြောက် အောင် အခက်အခဲအမျိုးမျိုးကြားက အစပြု ဆောင်ရွက်ပေးခဲ့ခြင်းကို အသိအမှတ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်။

ကျနော်တို့အားလုံး သိကြတဲ့အတိုင်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့ရပ်တန့်နေတာ တစ်နှစ်ကျော် ကြာပြီ ဖြစ်ပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် အစိုးရနဲ့ NCA-S EAO တို့ဟာ အချိန်တော်တော်များများယူပြီး သူ့အဆို ပြုချက်၊ ကိုယ့်အဆို ပြုချက်ကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အဆိုပြုချက်တွေကို တရားဝင်အပြန် အလှန်ညှိနှိုင်းဆွေးနွေးဖို့ နှစ် ဖက်ညှိနှိုင်းရေးအဖွဲ့တွေကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်တယ်။ နှစ်ဖက်ညှိနှိုင်းချက်အရ JICM အစည်းအဝေးကျင်းပပြီး  နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေရဲ့  ညှိနှိုင်းဆွေးနွေးမယ့် အကြောင်းအရာတွေကို  အတည်ပြုပေးဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်း ကြောင်း ကြောင့် JICMအစည်းအဝေးကို အခု ထက်ထိ ခေါ်ယူကျင်းပခြင်း မရှိနိုင်သေးတော့ ညှိနှိုင်းဆွေးနွေးအဖွဲ့တွေရဲ့ တွေ့ဆုံဆွေး နွေးပွဲကိုလည်း မစီစဉ်နိုင်ခဲ့ပါဘူး။

နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ ဆွေးနွေးပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၊ လုပ်ငန်းကော်မတီ (WC)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ(ND) စတဲ့တရားဝင်အစည်းအဝေးတွေကို တဆင့်ပြီးတဆင့် ဆက်တိုက်ကျင်းပြီး ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဆီ ချီတက်နိုင်ရေး လမ်းပွင့်သွားမှာ ဖြစ်တာကြောင့် JICM  အစည်းအဝေး အချိန်မီ ကျင်းပနိုင်ရေးကို ကျနော်တို့အားလုံး ကြိုး ပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ မြွက်ကြားသွားခဲ့ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းမှာ အစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်၊ ဖက်ဒရယ်မူတွေကို အတိအလင်း ပြောဆိုချပြသွားတာဟာ ငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ ဦးစားပေးမှု၊ စိတ်အားထက်သန်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင် သာမှုတွေကို အခိုင်အမာ ပြသရာ ရောက်ပါ တယ်။ ဒါကို ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အရေးပါမှုကို အသိအမှတ်ပြုတာ၊ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်တဲ့အမြင်တွေ ထုတ်ဖော်ပြော သွားတာ၊ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ တိုးမြှင့် ပေးလိုတဲ့ အရိပ်အ ယောင်တွေ ဖွင့်ဟသွားတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မ တော်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုပြသွားတာပဲလို့ မြင်ပါတယ်။

ကျနော်တို့အားလုံး လက်ရှိဝိုင်းဝန်းလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာတွေ၊ ကျနော်တို့ပြည် ထောင်စုနဲ့ပတ်သက်လို့ နိုင်ငံတကာမျက်နှာစာ မှာ လက်ငင်းဖြစ်ပေါ်နေတဲ့ အရေးအရာတွေကို ဒီတွေ့ဆုံပွဲမှာ အမြင်ချင်းဖလှယ်သင့်တယ်လို့ ထင်ပါတယ်။  

ပြည်ထောင်စုသားအားလုံး လိုလားတောင့်တာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတို့ကို NCAနဲ့အညီ ကျနော်တို့ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးသွားကြပါလို့ တိုက်တွန်းပါတယ်။

အားလုံးကို ကျေးဇူးတင် ပါတယ်။