NCA-S EAO Coordination Team Meeting held in Yangon

  • Topics:

    NCA-S EAO Coordination Team Meeting held in Yangon

  • Location:

    Yangon, Yangon

  • Category:

    Others

  • Start Date:

    September 7, 2019 09:00 AM

  • End Date:

    September 9, 2019 05:00 PM

  • Share:

Description


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ညှိနှိုင်း ရေးအဖွဲ့ အစည်းအဝေး (ပထမအကြိမ်) ကို ယနေ့ စက်တင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည်။

ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက လာမည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပွဲတွင် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်ရေးဆိုင်ရာ အဆိုပြုချက် (၄) ရပ်နှင့် NCA-S EAO NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုချက် စသည့် နှစ်ဖက် အဆိုပြုချက်တို့ အပေါ် ညှိနှိုင်းဆွေးနွေးသွားဖို့ရှိကြောင်း၊ ယင်း ဆွေးနွေးပွဲကနေတဆင့် တဆင့်ပြီးတဆင့် တရားဝင်ဆွေးနွေးရေးလမ်းကြောင်း ဆက်သွားဖို့ လမ်း ပွင့်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

ယခု ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး (ပထမအကြိမ်) သို့ ညှိနှိုင်းရေးအဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးလျက်ရှိကြသည်။