Interview with Daw Saw Mya Yaza Linn regarding Guatemala Peace Study Trip

  • Topics:

    Interview with Daw Saw Mya Yaza Linn regarding Guatemala Peace Study Trip

  • Location:

    No. 6, Shwe Li Street, Kamayut Township, Yangon, Yangon

  • Category:

    Others

  • Start Date:

    December 29, 2018 09:00 AM

  • End Date:

    December 29, 2018 11:59 PM

  • Share:

Description

ဂွာတီမာလာ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်သို့ သွားရောက်ခဲ့သော NCA-S EAO ခေါင်းဆော င်ကိုယ်စား လှယ်အဖွဲ့တွင် ပါဝင်ခဲ့သော ဆရာမကြီး ဒေါ်စောမြရာဇာလင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

********************************************************************************


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) မှ ခေါင်းဆောင်အချို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လေ့လာရေးခရီးစဉ်အဖြစ် အမေရိကတိုက်အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂွာတီမာလာသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ သွားရောက်ခဲ့ကြသည်။ အဆိုပါ ဂွာတီမာလာ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်အတွင်း အတွေ့အကြုံများနှင့် ပတ်သက်ပြီး ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် NCA-S EAO  ခေါင်းဆောင်များအနက် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ ဒုတိယခေါင်းဆောင်နှင့် NCA-S EAO ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။  ။ဆရာမကြီးတို့ NCA-S EAO ခေါင်းဆောင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရေးအဖွဲ့  မကြာသေးခင်က ဂွာတီမာလာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရေးခရီးသွားခဲ့တယ်ဆိုတော့ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ သွားရောက်ဖြစ်ခဲ့တာနဲ့ လေ့လာရေးခရီးစဉ်ဖြစ်မြောက်ရေးစီစဉ်ပေးခဲ့တဲ့ အဖွဲ့အစည်း အမည် သိပါရစေဗျ။ နောက်တခုက ခရီးစဉ်မှာ ဘယ်နှစ်ရက်လေ့လာဖြစ်ခဲ့ပါသလဲ ခင်ဗျ။


ဖြေ။ ။အဓိကက ကျွန်မတို့ သွားဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ဂွာတီမာလာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး   ဖြစ်စဉ်ကို ယှဉ်တွဲ လေ့လာချင်တာ။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေးအတွက်ကို ဘယ်လိုဆက်လုပ်ရမလဲ။ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။ ငြိမ်းချမ်းရေးကို ဘယ်လို အဆုံးသတ်သွားလဲ လေ့လာချင်တယ်။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ကျွန်မတို့သွားခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ကိုအထောက်အ ကူပြုတဲ့အဖွဲ့ကတော့ Britain အခြေစိုက် Intermediate  ဖြစ်ပါတယ် ။ ကျွန်မတို့သွားခဲ့တဲ့ ခရီးစဉ်ကတော့ ရန်ကုန်ကစထွက်တာ နိုဝင်ဘာလ ၁၉ ရက်ပေါ့နော်။ ပြန်ရောက် တဲ့နေ့ကတော့ ဒီဇင်ဘာလ (၄) ရက် ဖြစ်ပါတယ်။ ခရီးစဉ်ကတော့ (၂) ပါတ်တိတိကြာပါတယ်။
 

မေး။     ။ ဂွာတီမာလာရဲ့ လျှောက်လှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးခရီး စဉ်အကြား ဘယ်လိုခြားနားမှုတွေရှိသလဲ။ နောက်ပြီး တူညီတဲ့ အချက်တွေ ဘာတွေရှိ ပါသလဲခင်ဗျ။


ဖြေ။  ။ သမိုင်းကိုနည်းနည်းပြောချင်တာရှိပါတယ်။ ဂွာတီမာလာဟာ စပိန်ရဲ့ကို လိုနီဖြစ်ခဲ့ဖူူး ပါ တယ်။ နောက်ပြီးရင် သူတို့ကလဲ လွတ်မြောက်ရေးကိုကြိုးစားရင်းနဲ့ မက္ကဆီကိုရဲ့ အုပ်ချုပ်မှုအောက်ကို တခါပြန်ရောက်ခဲ့ပါတယ်။ အဲဒီလိုနဲ့  နောက်ပိုင်းမှာတော့ သူတို့တွေက လွတ်လပ်တဲ့ ဂွာတီမာလာနိုင်ငံကို ရခဲ့တာပေါ့လေ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ သူတို့တွေအထဲထဲမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ လူတန်းစား မညီမျှမှုတွေက အများကြီးဖြစ်လာတယ်။ လူမျိုးရေး မညီမျှမှုတွေရှိလာတယ်။ စစ်တပ်ကကြီးစိုးတယ်။ အမြင်မတူဘူး အဲဒီလိုမျိုးတွေအများကြီး ဖြစ်လာတယ်။  အဓိကခံရတဲ့ လူမျိုးတွေကတော့ မာယာ လူမျိုးတွေဖြစ်ပါတယ်။ အဲဒီလိုမျိုးတွေရှိလာတော့ ပြည် တွင်းစစ်ကလဲ တောက်လောင်လာခဲ့ရတာရှိပါတယ်။ ဒီ ကိုလိုနီနောက်ပိုင်းမှာပေါ့လေ ပြည်တွင်းစစ်ဖြစ်လာတာ ကတော့ ၁၉၆၀ ကနေပြီးတော့ ၁၉၉၆ အထိပေါ့။ နှစ်ပေါင်း (၃၀) ကျော်ကြာ ရှည်လျားတဲ့ ပြည်တွင်းစစ်ကို ခံခဲ့ရပါတယ်။ ဒီနေရာ မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အနေအထားကို ကြည့်လိုက်တဲ့နေရာမှာ ကျွန်မတို့ တိုင်းပြည်ကတော့ ဂွာတီမာလာ ထက်ပြည်တွင်းစ စ်က ရှည်လျားနေပြီဖြစ်ပါတယ်။ ဂွာတီမာလာဖြစ်စဉ်မှာ လူပေါင်း ၂သိန်းကျော် အသက်ဆုံးရှုံးခဲ့ ရတယ်။ ပြီးရင် (ပြည်တွင်းစစ်ပဋိပက္ခအတွင်းမှာ) အများကြီးပျောက်ဆုံးခဲ့တယ်။ နှစ်ပေါင်းရာကျော်ထဲမှာဆိုရင် သန်းေ ပါင်း များစွာသော case တွေ လဲဖြစ်ခဲ့တယ် ဆိုတာသိခဲ့ရပါတယ်။ လူ(၅) သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ အဲဒီမှာတော့ ကျွန်မတို့နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ပြည်တွင်းစစ်နဲ့ သူတို့ ဖြစ်တဲ့ ပုံစံမျိုးကတော့ နည်းနည်းကွာပါတယ်။ သူတို့တွေကတော့ လူတန်းစားမညီမျှမှုတွေ အဲဒါတွေကို အခြေ ခံတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်က လွတ်ချင်တယ်။ ကျွန်မတို့ တိုင်းပြည်အနေအထားကတော့ ကျွန်မတို့ ဘက်မှာလည်းပဲ အဓိကအားဖြင့် တိုင်းရင်းသားတွေနဲ့အုပ်ချုပ်သူကြား မညီမျှချက်တွေကြောင့် စစ်ရေးပဋိပကဖြစ်ဖြစ်လာတယ်၊ စစ်ကြောင့် တဖန်နိုင်ငံရေးပဋိပက္ခဖြစ်ရတယ်။ ပြီးရင် တိုင်းရင်းသား နယ်မြေတွေကို ဗဟို ဦးစီး စနစ်နဲ့ တခုတည်းသောအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာနှစ်ပေါင်းများစွားရှိခဲ့တော့ တိုင်းရင်းသားတွေအခွင့်အရေး ကအားလုံးဆုံးရှုံးခဲ့တယ် ။ ကျွန်ခမတို့ တိုင်းရင်းသားတွေ ဘက်က ခံစားရ တာပေါ့။ ကိုယ်တို့ပြည်နယ်ရဲ့ဘဝကို ကိုယ်တို့ကဖန်တီးလိုတဲ့စိတ် အုပ်ချုပ်လိုတဲ့စိတ်တိုင်းရင်းသားတွေမှာရှိတယ်။ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် ကျွန်မတို့ တိုင်းရင်းသားတွေက လိုလားတယ်။
ဒါပေ ၂၀၁၅ ခု အပစ်ရပ်စာချုပ်ချုပ်ဆိုပြီးမှ သွားတဲ့ ခရီးစဉ်တွေနဲ့ယခင်သွားတဲ့ခရီးစဉ်တွေ လေ့လာမှုချင်း ရည်ရွယ်ချက်ချင်းကတော့ ထပ်တူမကျဘူး၊ အခု သွားလေ့လာတာက တကဲ့ကို မြန်မာ့ငြိမ်းချမ်းရေး အပစ်အခတ်ရပ်ရေး အတွက် ထဲထဲဝင်ဝင်လေ့လာတဲ့သဘော ၊ဘယ်လိုပြန်လည်ပေါင်းစည်းမှုတွေလုပ်ခဲ့သလဲ၊ သူမနာကိုယ်မနာ ဖြစ်ပြီး နှစ်ဦးနှစ်ဘက်ပြေလည်မှုရရေး ဆိုတဲ့အချက်ကို အဓိက လေ့လာရတဲ့အနေအထားဖြစ်တယ်။ 
ဆိုတော့  မြန်မာနိုင်ငံကြီး တခုလုံးကလဲမပြိုကွဲဘူး၊ အားလုံးလဲ တန်းတူညီမျှနေမယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ကို ဖက်ဒရယ် ကိုတည်ဆောက်တဲ့ တိုင်းပြ ည်တ ခုဖြစ်ဖို့လိုတယ်ဆိုပြီးတော့ ကျွန်မတို့ ဘက်ကမြင်တယ်။ ကျွန်မတို့ရဲ့ကြိုးပမ်းမှုက ဖက်ဒရယ် စနစ်ထူထောင်ရေးဖြစ်တယ်။ ဒါက ကွာပါတယ်။ သူတို့ဆီ မှာဆိုရင် ဖက်ဒရယ်စနစ်ကို တည်ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။
တူညီတဲ့အချက်ကတော့ စစ်တပ်ကြီးစိုးမှုဆိုတဲ့ အချက်က တူတဲ့အချက်တွေရှိပါတယ်။ နောက်တခုက သူတို့တွေ ထဲမှာ မာယာ တိုင်းရင်းသားတွေက မိခင်ဘာသာစကားပြောတာ ကအစအား လုံးဆုံး ရှုံးမှုတွေဖြစ်သွားတယ်။ စာပေ ဆုံးရှုံးမှုတွေ ယဉ်ကျေးမှုဆုံးရှံုံးမှုတွေ အဲဒီလိုတွေဖြစ်ပြီးတော့မှ အခုမာ ယာတိုင်းရင်းသားတွေက (၄၁%)  လောက်ပဲကျန်တော့တယ်။ အားလုံးလဲ သွေးနှောမှုကိုခံ လိုက်ရပြီဖြစ်တယ်။ သူတို့ လူမျိုးပျောက်သွားမယ့် လက္ခဏာတွေပေါ့လေ။ အဲဒီလိုအနေအထား ထိတွေ့ ရပါတယ်။ ဆိုရင် ကျွန်မတို့ဘက်မှာလည်းပဲ အဓိက ကတော့ရောနှောလာတဲ့ ကဏ္ဍတွေလဲတူပါတယ်။ ဆိုတော့ လူတိုင်းလူတိုင်းကတော့ လူမျိုးမပျောက်ဖို့အရေး ကိုတော့ လူမျိုးတိုင်းက ထိန်းသိမ်းလိုကြတာပေါ့။ အဲဒီလိုအနေအထားမျိုးတွေရှိပါတယ်။


မေး။ ။ဂွာတီမာလာငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်မှုအနေနဲ့ ၁၉၉၆ မှာ  အစိုးရနဲ့ အတိုက်အ ခံ ပြော က်ကျား တပ်ဖွဲ့တွေကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး ပြည်တွင်းစစ်ရပ်စဲသွားတာ ဆိုတော့ အဲဒီလို အြေ ခ အနေေ တွအတွက် ဘယ်လိုအကြောင်းအရာတွေကများ အဓိက တွန်းအားဖြစ်စေခဲ့ဲလဲပေါ့။


ဖြေ။ ။ အဓိကကတော့ သူတို့ဆီက စစ်ဗိုလ်ချုပ်ကြီးကိုယ်၌က (ကာကွယ်ရေးဦးစီးချုပ်ပေါ့လေ) ကာ ကွယ်ရေးဦးစီးချုပ်ကိုယ်၌က စစ် တိုက်ချင်စိတ်မရှိတော့ဘူး။ အဲဒီလိုအနေအထားမျိုးတွေ ကို တွေ့ ခဲ့ရ ပါ တယ်။ နောက်ပြီး လက်နက်ကိုင် သူပုန်တွေ ဘက်ကလဲ ငါတို့တွေစစ်မတိုက်တော့ဘူး ဆိုတဲ့ သဘော ထားတွေရှိခဲ့ကြပါတယ်။ အဲဒီလိုအမြင်ကြားမှာ သူတို့ တွေငြိမ်းချမ်းရေးကိုသွားမှဖြစ်မယ်ဆိုပြီးတော့ တ ကယ့်ခံယူချက်ကျကျနဲ့ သွားခဲ့ကြတယ်လို့တွေ့ခဲ့ရပါ တယ်။ အဓိက ကတော့ ငြိမ်းချမ်းရေး ကိုသွားမှ ဖြစ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နှစ်ဘက်လုံးမှာရှိခဲ့ကြပါတယ်။
မေး။ ။ အဲဒီလို နှစ်ဘက်လုံးမှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သဘောတူညီမှုရ သွား တယ်ပေါ့နော်။ နောက်တခုက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက်   ဂွာတီမာလာဆီက ဘယ်လို သင်ခန်းစာကောင်းတွေ လေ့လာခဲ့သလဲခင်ဗျ။
ဖြေ။ ။ဟုတ်ကဲ့ လေ့လာဖြစ်ခဲ့တာက နံပါတ် (၁) ပေါ့နော်။ ငြိမ်းချမ်းရေးကိုတကယ်ရဖို့ ဆို ရင် ဆွေး နွေးဘက်တွေကြားမှာ ငါ တို့ဆွေးနွေးနေတာကတော့ နိုင်ငံအတွက်ဆွေးနွေးနေတာဖြစ်တယ် ဆိုတဲ့ အမြင်အပေါ်မှာဆွေးနွေးဖို့ လို ပါတယ်။ ကိုယ့်ဟာကိုယ်ကိုင်စွဲထားမယ် သူ့ဟာသူစွဲထားမယ်။ ကိုယ်နိုင်ရေး သူရှုံးရေးဆိုတဲ့ အမြင်နဲ့  ဆွေးနွေးရင်  တော့ ရမှာမဟုတ်ဘူး။ နှစ်ဘက်လုံးကစိတ်ချမ်းသာပြီးတော့မှ သွားရ မယ့်အနေအထား win-win  (သူနိုင်၊ ကိုယ်နိုင်) ပါ်လစီနဲ့သွားမှရမယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ နှစ်ဘက်လုံးက ပြုပြင်ပြောင်းလဲရေးကို သွားဖို့အမှန်တကယ်လိုအပ်ပြီလို့ သံန္နိဌာန်ချဘို့ လိုတယ်လို့ သုံးသပ်ပါတယ်။  နောက်တဘက်ကဆိုရင်တော့ တစ်ဘက်ရဲ့ဆန္ဒကို  နောက်တဘက်ကနားလည်ဖို့လိုအပ်ပါတယ်။ ကိုယ့် ဆန္ဒချည်းပဲ အတ္တကြီးကြီးပြောနေလို့မရဘူး။ သူ့ရဲ့ ခံစားချက်ကဘာလဲပေါ့။ သူကဘာဖြစ်လို့ ဒီလောက်ခံစားနေရ လဲ။ သူတို့ရဲ့နစ်နာချက်ကဘာလဲ။ သူ တို့တွေရဲ့ခံစားချက်ဘာလဲ။ သူတို့လိုချင်တာဘာလဲ။ အဲဒီလိုပေါ့ တစ်ဘက် ကို တစ်ဘက် ဝင်ကြည့်တဲ့ ခံစား ချက်မျိုးလိုအပ်ပါတယ်။အဲဒါတချက်ပေါ့နော်။ နောက်တခုက ဆွေးနွေးပွဲကို အရမ်းကြီး အလျှင်လုပ်ရ င်လဲ  အမှားနဲ့ကြုံတတ်တယ်။ အဲလိုပဲအရမ်းကြီးအချိန်ဆွဲရင်လည်း ပျက်စီးတတ်တယ်။ အဲလိုသင်ခန်းစာ ကိုလည်းရရှိပါတယ်။ အရမ်းကြာရင်တံခါးပေါက်ပိတ်သွားနိုင်တယ်ဆိုတဲ့ သင်ခန်းစာပေါ့။  နောက်တခုက သဘောတူညီချက်ရထားပြီဆိုရင် ပြည်သူကြားကိုသိအောင် အမြန်ဆုံးထုတ်ပြဖို့လိုတယ်ဆိုတဲ့ သင်ခန်းစာ ရ ပါတယ်။ နောက်တခုက စစ်ဘက် လုံခြုံရေးဘက်မှာဆိုရင် လူ့အခွင့်အရေးကို ကာကွယ်ရမည့်သင် တန်းတွေ ပို့ချဖို့လိုတယ် ဆိုတဲ့ အမြင်တွေကို ရခဲ့ပါတယ်။ စစ်ဘက်ဆိုတာကတော့ မြန်မာနိုင်ငံမှာဆိုရင် တပ် ဘက်ကို သက်သက်ပြောချင်တာမဟုတ်ဘူး။သေနတ်ကိုင်ဆောင်ထားတဲ့သူအားလုံးကိုပြောချင်တာဖြစ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့အားလုံးတွေကြားမှာ လူ့အခွင့်အရေးကိုနားလည်ဖို့အရမ်းလိုအပ်တယ်။ အဲလို သင်တန်းမျိုး  တွေကလိုတယ်ဆိုတဲ့ သင်ခန်းစာတွေရတယ်။


မေး။ ။ဟုတ်ကဲ့ပါခင်ဗျ။ ဆရာမကြီးအနေနဲ့ ဂွာတီမာလာ လေ့လာရေးခရီးစဉ် မတိုင် မီ အရင်က နိုင်ငံ တ ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာရေးခရီးစဉ် ဘယ်နှစ်ခုလောက် သွားရောက်ခဲ့ပါသလဲခင်ဗျ။


ဖြေ။   ။ ဒီပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးတဲ့ကာလမှာတော့ ငြိမ်းချမ်းရေးအတွက်ဆိုပြီးသွားတာကတော့ ဂွာတီမာလာ တခုပဲရှိပါ တယ်။ အဲဒီလိုမျိုးအပစ်မရပ်ခင်ကပေါ့။ လက်မှတ်မထိုးခင်မှာပေါ့လေ။ ကျွန်မတို့ သွားထားတဲ့ နိုင်ငံတွေရှိပါတယ်။ ကျွန်မတို့ ဒီ တော်လှန်ရေးဘဝမှာပေါ့။ ၂၀၀၉မှာ တောင်အာဖရိ ကကိုလေ့လာပါတယ်။ ၂၀၀၇ခုနှစ်မှာနီပေါနိုင်ငံ မှာ မော်ဝါဒီ သူပုန်တွေနဲ့ နီပေါနိုင်ငံံအစိုးရ ရဲ့တိုက်ပွဲပေါ့လေ။ အဲဒါကိုလည်းလေ့လာဖူးပါတယ်။ နောက်ပြီး ၂၀၀၇ မှာဆို ရင် Northern Ireland နဲ့ Republic of Ireland ကိုသွားရောက်ပြီး လေ့လာဖူးပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ကိုပေါ့လေ။ အဲဒီလိုအနေအထားတွေက ရှိဖူးပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ဆိုရင် နိုင်ငံံ့ခေါင်းဆောင်တွေနဲ့ သွားဖူး တာတော့ ဂွာတီမာလာတခုပဲရှိပါတယ်။ နောက်တခုကလဲ ၂၀၀၂မှာဆိုရင် ကျွန်မတို့က ဒီ ဂွာတီမာလာ ကို ကျွန်မနဲ့ အမျိုးသမီး တယောက်ဖြစ်တဲ့ ဆရာမနော်စီပိုးရာစိန်နဲ့ အတူ သွားရောက်လေ့ဖူးပါတယ်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲစေလိုတဲ့ဆန္ဒနဲ ၁၉၉၃ ခုကတည်းကပါ။ နိုင်ငံတော်တော်များများသွားပါတယ်၊ US, ှSwitzerland , EU စတဲ့နိုင်ငံတွေ India, China, Japan, Indonesia, Malaysia စတဲ့နိုင်ငံတွေနဲ့Australia အပါအဝင် ဖက်ဒရယ် စနစ်လေ့လာဘို Switzerland နဲ့ Germany တို့ပါဝင်ပါတယ်။ သွားတာကတော့အားလုံး ငြိမ်းချမ်းစေလို တဲ့သဘောနဲ့ သွားတာချည်းပါ။ တိုင်းပြည်ပြောင်းလဲစေလိုတဲ့ ဆန္ဒပါ။


မေး။ ။  ပြည်သူတွေကို နှစ်သစ်ကူးအမှာစကား ပြောပေးပါ ခင်ဗျ။


ဖြေ။ ။ကျွန်မတို့ရဲ့တိုင်းပြည်က နှစ်ပေါင်း (၇၀) တိုက်ပွဲတွေကြားမှာရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်မတို့ကတော့ စစ်ကိုအဆုံး သတ်ချင်ပါတယ်။ ကချင်ဘက်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာချမ်းသာကြပါစေပေါ့။ ဒီလို စစ်ဘေး ဒဏ်ကလွတ်မြောက်ကြပါစေလို့ ကျွန်မဆုတောင်းပေးလိုက်ပါတယ်။ ထိုနည်းလည်းကောင်း ရှမ်းပြည်မှာရှိတဲ့ စစ်  ဘေးရှောင်ပြည်သူတွေကလည်း ကျန်းမာချမ်းသာပြီးတော့မှ နှစ်သစ်ကူး မှာစစ်ဘေးစစ်ဒဏ်မှ လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ထိုနည်းလည်းကောင်းပဲ ရခိုင်ပြည်မှာလည်း စစ်ဘေးရှောင် ပြည်သူတွေရှိနေကြပါတယ်။ ဒီစစ်ဘေးရှောင်ပြ ည်သူတွေ  လည်း လာမည့်နှစ်သစ်မှာ အားလုံး ကိုယ့်ဒေသ ကိုယ့်ရပ်ရွာမှာအေးေ အးဆေးေ ဆးေ နနိုင်တဲ့ အနေ အထား တခုခုကိုရောက်ကြပါစေ။ အားလုံးကျန်းမာချမ်းသာကြ ပါစေလို့ဆန္ဒပြု ပါတယ်။ ထို နည်းလည်းကောင်းပဲ တိုင်းပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ဆွေနွေးဘက် (၂) ခုကြားမှာ ကျွန်မတို့ အမြန်ဆုံးပြေ လည်မှုရပြီးတော့ အမြန်ဆုံးဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မည့် အခြေခံမူတွေကို ရရှိပါစေ။ ကျွန်မတို့ဒီတိုင်းပြည်ကြီးကို သာတူညီမျှအားလုံးတန်းတူအခွင့်အရေးရှိတဲ့  ကောင်းမွ န်ေ သာ၊ သာ ယာဝပြောသော ပြည်ထောင်စုကြီးတခုကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုပါ တယ်။


ဟုတ်ကဲ့။ အခုလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ မအားလပ်တဲ့ကြားက အချိန်ပေးဖြေကြားပေးတဲ့ ဆရာမကြီး ဒေါ်စောမြရာဇာလင်းကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။