Interview with Comrade (U) Myo Win regarding the current peace process

  • Topics:

    Interview with Comrade (U) Myo Win regarding the current peace process

  • Location:

    Best western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    June 15, 2018 09:00 AM

  • End Date:

    June 17, 2018 04:30 PM

  • Share:

Description

လတ်တလောငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခ တ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်လက်မှတ် ရေး ထိုးထားသော   တိုင်းရင်းသားလက်န က်ကိုင်အဖွဲ့အစည်း များ ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (NCA-S EAO UPDJC) ဆိုင် ရာ လုံခြုံ ရေးက ဏ္ဍညှိနှိုင်းရေးမှူး၊ ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်(ဦး)မျိုးဝင်းကို တွေ့ ဆုံမေးမြန်းခဲ့ သည်များအား ဖော်ပြလိုက်ပါတယ်။


မေး - တတိယအကြိမ်ပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကျင်းပဖို့အစိုးရနဲ့ ဆွေးနွေးမှု လုပ်ခဲ့တယ်လို့သိရတဲ့အပေါ် ဘယ်အချိန်လောက်ကျင်းပဖြစ်ဖို့ သဘောတူနိုင်ခဲ့ပါသလဲ။
ဖြေ - ညီလာခံကျင်းပဖို့ဆိုရင်တော့ ညီလာခံမတိုင်မီ ကြိုတင်ပြင်ဆင်ရတဲ့ အစည်းအဝေးတွေရှိတာပေါ့ UPDJC အစည်းအဝေးတွေရှိမယ်၊ လုပ်ငန်းကော်မတီ အစည်းအဝေးတွေရှိမယ်။ လုပ်ငန်းကော်မတီ အစည်းအဝေးက တော့ လာမည့် ဇွန်လ ၂၆၊ ၂၇၊ ၂၈ မှာရှိမယ်။ အဲဒီမတိုင်မှီ UPDJC အတွင်းရေးမှူး အစည်းအဝေး ဇွန် ၂၅ မှာရှိမှာပေါ့။ ပထမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးပြီးပြီဆိုရင် UPDJC အစည်းအဝေးလဲ ရှိနိုင်သေး တာပေါ့။ အဲဒါပြီးရင်တော့ ဒီကြားမှာခဏနားမှာပေါ့။ နားတယ်ဆိုတာကလဲ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ပြန်လည်တင်ပြနိုင်ဖို့ ခဏနားမယ်။ အဲဒါပြီး ရင် ဒုတိယအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးပြန်စမယ်။  အဲဒါကို ဇူလိုင် ၃၊ ၄၊ ၅ကို လျာထားတာပေါ့။ ပြီးရင်တော့ လုပ်ငန်းကော်မတီ အသီးသီးက ရရှိလာတဲ့ မူဝါဒ အဆို ပြုလွှာတွေကို စုစည်းပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မှာတင်ပြနိုင်ဖို့အတွင် UPDJC အစည်းအဝေး ရှိမယ်။ အဲဒါပြီးရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံတတိယအစည်းအဝေးဖြစ်မှာ ပေါ့နော်။ ခန့်မှန်းခြေ အကြမ်းဖျဉ်းအားဖြင့်တော့ ဇူလိုင်ဒုတိယပတ် ဝန်းကျင်ထဲမှာပေါ့။ ဇူလိုင် ၁၀၊ ၁၁၊ ၁၂၊ ၁၃ အဲဒီလောက်အတွင်းမှာ ကျင်းပဖြစ်ဖို့ (NCA-S EAO ဘက်က) လျာထားပြီးသားဖြစ်ပါတယ်။ ရက်အတိအကျကတော့ နှစ်ဘက်ခေါင်းဆောင်တွေ  အဆင်ပြေနိုင်မယ့်ရက်ကိုညှိနှိုင်းနေဆဲပဲ။ မကြာခင်မှာ ပဲရက်အတိအကျကို ခန့်မှန်းနိုင်မှာပါ။ UPDJC အစည်း အဝေးခေါ်ယူပြီးမှပဲ ရက်ကို တရားဝင် အတိအကျ မကြာမီ သတ်မှတ်နိုင်ပါမယ်။
မေး - အခု နှစ်ဖက်ဆွေးနွေးဖို့ အကြပ်အတည်းဖြစ်နေတဲ့ Package Deal ကိုလဲ ချန်ထားခဲ့မယ်ဆိုတော့ package deal ကို ခဏထားခဲ့ပြီး လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် UPDJC ကိုတင်ပြဖို့ ဘယ်လိုမူဝါဒတွေ၊ အထူးသဖြင့် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ဘယ်လိုမူဝါဒတွေကို (ဇွန်လ ၁၅၊ ၁၆ နဲ့ ၁၇ ရန်ကုန်မှာကျင်းပခဲ့တဲ့) EAO လုပ်ငန်းကော်မတီအစည်းအဝေး  (EAO WC) မှာဆွေးနွေးကြသလဲပေါ့ဆရာ။
ဖြေ - အဓိကဆွေးနွေးရမှာတော့ ကဏ္ဍကြီး ၅ ခုရှိတာပေါ့။ ကဏ္ဍ ၅ခုလုံးမှာတော့ သတ်မှတ်ထားတဲ့ခေါင်းစဉ် တွေပေါ့။ အဓိကကတော့ နိုင်ငံရေးကဏ္ဍမှာတော့ ဖက်ဒရယ်အခြေခံမူတွေပေါ့။ ဒီဖက်ဒရယ် အခြေခံမူတွေထဲ မှာ အခုကျွန်တော်တို့ဆွေးနွေးညှိနှိုင်းဖို့လိုအပ်နေတဲ့ အပိုင်းတွေကို ချန်ထားခဲပြီးတော့မှ ဒီဖက်ဒရယ် အခြေခံမူ ကိုအဓိက အထောက်အကူပြုတဲ့မူတွေကို ဆက်လက်ဆွေးနွေးဖို့ရှိတာပေါ့။ အဓိကကတော့ တိုင်းရင်းသားလူ နည်းစုများ၏အခွင့်အရေးကိုကာကွယ်ပေးခြင်းဆိုတဲ့ အချက်ကလဲ ဖက်ဒရယ်မူထဲမှာ အရေးကြီးတဲ့ အစိတ် အပိုင်းပါပဲ။ ဥပမာ - စီးပွားရေးကဏ္ဍမှာ ဖက်ဒရယ် စီးပွားရေးစနစ်ကို အခြေခံတဲ့ မူဝါဒတွေ၊ မြေယာကဏ္ဍမှာ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ မြေယာမူဝါဒတွေ လူမှုရေးမှာလဲ လူမှုဖွ့ံဖြိုးရေး ဒါတွေအားလုံးဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အထောက်အကူပြုတဲ့ မူဝါဒတွေ ဖြစ်တဲ့ အတွက် အားလုံးက အရေးကြီးတာတွေချည့်ပဲ။ အဲဒီမူဝါဒတွေကို လာမယ့်ညီလာခံမှာဆွေးနွေးနိုင်ဖို့  သတ်မှတ်ထားတာပေါ့။ အဓိက ကတော့ ပြီးခဲ့တဲ့ ညီလာခံမှာ မပြီးပြတ်သေးတဲ့ အကြောင်းအရာတွေ၊ ခေါင်းစဉ်တွေကို ဆက်လက်ဆွေးနွေးဖို့ ဖြစ်တယ်။ အဲဒါ တွေကို ဆက်လက်ကြိုးပမ်းသွားမယ် ဆက်လက်ဆွေးနွေးသွားမှာပါ။
မေး -  ဇွန်လ ၁၆ရက်နေ့က အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေးကဏ္ဍအလွတ်သဘောဆွေးနွေးပွဲ (Security Sector Informal Meeting လုပ်ခဲ့တာရှိတော့ အဲဒီ့အစည်းအဝေးမှာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြဆွေးနွေးဖို့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးသတ်မှတ်နိုင်ခဲ့ပါသလဲ။
ဖြေ - အလုပ်သဘောဆွေးနွေးတ ယ်ဆိုတာကလဲ တရားဝင်ဆွေးနွေး ပွဲကိုအထောက်အကူ ပြုဖို့အတွက်ဆွေး  နွေးတာဖြစ်ပါတယ်။ တရားဝင်ဆွေးနွေးပွဲဆိုတာကတော့ လုပ်ငန်းကော် မတီပေါ့။ ပြည်ထောင်စုအဆင့်စတင်ဆွေးနွေးတဲ့နေရာက လုပ်ငန်းကော်မတီဖြစ်တာကိုး။  ဒီလုံခြုံရေးကဏ္ဍ လုပ်ငန်းကော်မတီအစည်းအဝေး အထောက်အကူပြုဖို့အတွက် ကျွန်တော်တို့ဆွေးနွေးတာဖြစ်တယ်။ အဓိက ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေကတော့ လုံခြုံရေးကဏ္ဍကိုဘယ်လိုပုံ စံနဲ့ဆွေးနွေးဆောင်ရွက်သွားမယ်ဆို တာပဲ။ ဥပမာဆိုရင် နိုင်ငံရေးမူဘောင်မှာ သတ်မှတ်ထားတဲ့ ခေါင်းစဉ်ကြီး ၂ခုရှိတယ်။ လုံခြုံရေးကဏ္ဍမှာဆွေး နွေးတဲ့အကြောင်အရာ။ နံပါတ် (၁) က ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ် (၂) က လုံခြုံရေးဆိုင်ရာပြန် လည်ပေါင်းစည်းရေးကိစ္စရပ်များ၊ ဒီခေါင်းစဉ်ကြီး ၂ခုအောက်မှာ ခေါင်းစဉ်ခွဲတွေသတ်မှတ်ရတာရှိတယ်။ ခေါင်း စဉ်ကြီးအောက်မှာ ခေါင် းစဉ်ခွဲ တွေကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ကျွန်တော်တို့အလုပ်သဘော ဆွေးနွေးဖြစ် တယ်။ ပြီးတော့မှခေါင်းစဉ်ခွဲတွေကို ဘယ်လို အစီအစဉ်နဲ့ဆွေးနွေးရမယ်ဆိုတာကို ဆွေးနွေးရတာရှိတယ်။ ဒါက နှစ်ဘက်ဆွေးနွေးနေတဲ့ အပိုင်းပေါ့။ ဒါနဲ့တပြိုင်တည်းမှာပဲလာမည့် တတိယအကြိမ်ပင်လုံညီလာခံမှာ  ဆွေး နွေး မည့်အကြောင်းအရာတွေကိုလဲဆွေးနွေးသတ်မှတ်ရတာဖြစ်တယ်။ ဒါကြောင့်မို့လို့ နှစ်ဘက်သဘောတူပြီးပြီဆိုရင် တော့ သဘောတူထားတဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာအကြောင်းအရာတွေကို လာမယ့် တတိယအကြိမ် ပင်လံညီလာခံမှာ ဆွေးနွေး သွားဖို့ရှိပါတယ်။
မေး - နောက်ဆုံးမေးခွန်းအနေနဲ့ ပြည်သူလူထုကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာများ ပြောကြားချင်ပါသလဲခင်ဗျ။
ဖြေ - ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လွယ်ကူလားဆိုရင် မလွယ်ကူပါဘူး။ အခက်အခဲတွေအများ ကြီးရှိတာပေါ့။ ဘာပဲပြောပြော ယုံကြည်မှုတည်ဆောက်ရတဲ့ အခြေအနေကလဲရှိတာကိုး။ ဒီတိုင်ပြည်မှာရှိနေတဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြီးကို ဖြေရှင်းတဲ့နေရာမှာတော့ နဲနဲတော့ စိတ်ရှည်ဖို့ လိုမယ်။ ပြီးတော့ အချိန်ယူဖို့လဲလိုမယ်။ ပြီးတော့ အချိန်မှန်လုပ်ရမှာလဲ အရေးကြီးတယ်။ ဒါပေမဲ့ အချိန်မှန်လုပ် ရုံနဲ့ ပြဿနာပြေလည်လားဆိုတော့လဲ မပြေလည်ဘူး။ အချို့နေရာတွေမှာ လိုအပ်ရင်လိုအပ်သလို အချိန်ယူရ တာတွေရှိတာကိုး။ကြေကြေလည်လည်ရ လာဒ်ကောင်းတွေထွက်နိုင်ဖို့အတွက်။ အချိန်မှန်လဲ လုပ်နိုင်ရမယ်။ ညီလာခံကျင်းပပြီးပြီဆိုရင် ရလဒ်တွေကလဲ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအတွက် ရလာဒ်တွေ ရရှိဖို့လဲ လိုအပ်တာပေါ့။ အဲဒါတွေကြောင့် ကျွန်တော်တို့ အချိန်ယူနေတာဖြစ်ပါတယ်လို့။ ဒီနေ့မှာ တိုင်းပြည် ပြဿနာဖြေရှင်းနိုင်ရင် တစ်ရက်ရရင်လဲ တစ်ရက်၊ တစ်ရက်စောကျင်းပနိုင်လဲ တစ်ရက်စောဖြေရှင်းနိုင်ရင်လဲ ဒီတိုင်းပြည်အတွက်ကောင်းတာပဲ။ ဒါဆန္ဒပေါ့။ ဆန္ဒနဲ့ လက်တွေ့ကလဲ တခါတလေ တထပ်တည်းမဖြစ်တာတွေ ရှိပါတယ်။ အားလုံးတော့ အမြန်ဆုံး တူညီတဲ့ ဆန္ဒရှိတာနဲ့ အမြန်ဆုံး ပြဿာနာကိုဖြေရှင်းချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာဖြေရှင်းဖို့အတွက် အခက် အခဲအများကြီးရှိတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ပြောမယ်ဆိုရင် အခုဆိုရင် NCAမှာ လက်မှတ်ရေးထိုးထားတာ (၁၀)ဖွဲ့ရှိလာပြီပေါ့။ ဒါကတော့ ပြီးခဲ့တဲ့ ညီလာခံမှာတုန်းက ၈ဖွဲ့၊ ၂ဖွဲ့တိုးလာတာ တိုး တက်မှုတခုလို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့သေချာတာက ဒီတိုင်းပြည်ပြဿနာကို အဖြေရှာမယ်ဆိုရင်တော့ ဒီပဋိပက္ခမှာပါဝင်နေတဲ့ အင်အားစုအားလုံးပါဝင်ဖို့လိုတယ်။ ချန်ထားလို့မရဘူးပေါ့။ ကျွန်တော်တို့ ကြိုးပမ်းရမှာ လည်းပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲပါဝင်လာဖို့လဲ ဆက်လက်ကြိုးပမ်းရဦးမယ်။ ကျွန်တော်တို့ ၁၀ ဖွဲ့ကြိုးပမး်မှုတွေကလဲ ကျန်တဲ့ အဖွဲ့တွေပါဝင်လာနိုင်ဖို့အတွက် တွန်းအားဖြစ်စေရတယ်။ ကျွန်တော်တို့ကြိုးပမ်းမှုတွေက ကျန်ခဲ့တဲ့ အဖွဲ့တွေကို အကန့်အသတ်ဖြစ်စေတာ မျိုးမဖြစ်စေရဘူး။ သတိရှိရှိနဲ့တိုင်းပြည်ရဲ့အနာဂတ်အ တွက်ရေရှည်အတွက်အကျိုးရှိရမယ်။ ပြီးတော့ ဒီငြိမ်းချမ်း ရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေးကိုလဲ တွန်းအားဖြ စ်စေရမယ် ဆိုတဲ့ အခြေခံမျိုးနဲ့ ဆောင်ရွက် နေတာဖြစ်ပါတယ်။ မတူညီတဲ့ ကိစ္စတွေကိုဖြေရှင်းနေရတာဖြစ်ပါတယ်။ ဆိုလိုတာက ဒီတိုင်းပြည်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ အခြေအနေမျိုးမရှိခဲ့ပါဘူး။ အခုလည်း အမြင်မတူမှုတွေပေ့ါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာသော်လည်းကောင်း၊ လူထုတွေ့ဆုံပွဲဆိုင်ရာသော်လည်းကောင်း၊ ဒီညီလာခံကျင်းပမှု နဲ့သော်လည်းကောင်း အမြင်မတူမှုတွေက ရှိနေမယ်။ ဒီအမြင်မတူမှုတွေကို အချိန်ယူညှိနှိုင်းရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူဘူး။ ပုံတူကူးချလို့လဲမရဘူး။ ကျွန်တော်တို့ တိုင်းပြည်အခြေအနေက တော် တော်လေးကိုထူးခြားတယ်။ ပဋိပက္ခမှာပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများကြီးရှိတယ်။ ဒေသအခြေအနေ၊ တဖွဲ့ချင်းစီရဲ့ နိုင်ငံရေးရည်မှန်းချက်မတူကြဘူး။ အဲဒီအနေအထားပေါ်မူ တည်ပြီးတော့မှ အားလုံးပါဝင်နိုင်တဲ့ အနေအထားမျိုး ပေါ်ပေါက်ဖို့ကြိုးပမ်းရတာဖြစ်တဲ့အတွက် အချိန်တော့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။