Framework Agreement on NCA Implementation Negotiation Working Group Meeting starts in Yangon today

  • Topics:

    Framework Agreement on NCA Implementation Negotiation Working Group Meeting starts in Yangon today

  • Location:

    Best Western Green Hill Hotel, Yangon, Yangon

  • Category:

    NCA-S EAO's Framework Agreement on NCA Implementation Working Group Meeting

  • Start Date:

    July 23, 2020 09:00 AM

  • End Date:

    July 24, 2020 04:00 PM

  • Share:

Description

Framework Agreement on NCA Implementation Negotiation Working Group Meeting has been holding in Yangon since this morning. Col. Sai Ngern, the leader of NCA-S EAO Negotiation Team, delivered the Opening Remarks.

There will be a Negotiation Meeting between Government and NCA-S EAO on July 25, 26, 27.

The Opening Remarks of Col. Sai Ngern is as follows:


NCA အကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြား သည့် NCA –S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏  နှုတ်ခွန်းဆက် အဖွင့်အမှာစကား

                                                                                  ၂၀၂၀ ခုနှစ်၊ ဇူလိုင် (၂၃)ရက်

 NCAအကောင်အထည်ဖော်မှုဆိုင်ရာ  မူဘောင်ညှိနှိုင်းရေးအဖွဲ့မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်ကိုယ် စားလှယ်များအားလုံး ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

 

အခုလို ညှိနှိုင်းရေးအဖွဲ့ဝင်တွေ စုံစုံလင်လင်နဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပနိုင်ဖို့ ကူညီဆောင်ရွက်ပေး ကြတဲ့ သက်ဆိုင်သူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။  ခေါင်းဆောင်များကို ကျန်းကျန်းမာမာနဲ့ ပြန်လည်တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

 

လာမယ့် ဇူလိုင်လ (၂၅၊ ၂၆၊ ၂၇)ရက်နေ့တွေမှာ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ NCA –S EAO ညှိနှိုင်းရေးအဖွဲ့တို့ ထပ်မံ ဆွေးနွေးညှိနှိုင်းကြဖို့အတွက် မိမိတို့ ဖက်က ဆွေးနွေးမယ့် အကြောင်းအရာတွေ သေချာ ပြင်ဆင်ထားခဲ့ပြီး ဖြစ် သလို အချိန်လုံလောက်စွာ ယူခဲ့ပြီးလည်းဖြစ်လို့ တစ်ဖက်နဲ့ ဆွေးနွေးညှိနှိုင်း တဲ့အခါမှာ ရလဒ်ကောင်းတွေ ထွက်ရှိမယ်လို့ ယုံကြည်ပါတယ်။

 

ပြီးခဲ့တဲ့ဇူလိုင်လ (၁၀)ရက်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကနေ မိမိတို့ ညှိနှိုင်းရေးအဖွဲ့အတွက် လိုအပ်တဲ့ လမ်းညွှန်မှုတွေ ချမှတ်ပေးပြီးဖြစ်လို့  အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ အဲဒီလမ်းညွှန်မှုများနဲ့အညီ မိမိတို့ ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ ညှိနှိုင်းဆွေး နွေးသွားရမှာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အပိုင်း (၃)ပိုင်း ဖြစ်တဲ့ NCA  အကောင်အထည်ဖော်မှုဆိုင်ရာ သဘော တူညီချက်၊ ၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများနဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေ၊  သြဂုတ်လ အတွင်းမှာ ကျင်းပဖို့ ရည်မှန်းထား တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ လုပ်ငန်းများ ကို  ဒီနှစ်ရက်တာ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။

 

လာမယ့် ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ အစုအဖွဲ့အားလုံး လက်ခံသဘောတူတဲ့ ပြည်ထောင်စု သဘော တူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ညီလာခံ ရလဒ်ကောင်းရရှိရေးနဲ့ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။