Exclusive Interview with Nai Hong Sar

  • Topics:

    Exclusive Interview with Nai Hong Sar

  • Location:

    Shwe San Eain Hotel, Nay Pyi Taw, Nay Pyi Taw

  • Category:

    Others

  • Start Date:

    October 15, 2018 09:00 AM

  • End Date:

    October 16, 2018 04:00 PM

  • Share:

Description

နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ အောက်တိုဘာလ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်ကျင်းပခဲ့တဲ့ အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ သီးသန့်အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ၊ အမြင်သ ဘောထားတွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

                                                                           *****************************************************

မေး - ပြီးခဲ့တဲ့ ထိပ်သီးခေါင်းဆောင်အစည်းအဝေးပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြလဲ၊ ဘယ်လို ကတိ ကဝတ်တွေရရှိခဲ့ကြလဲ၊ NCA-S EAO အနေနဲ့ရှေ့ဆက်လုပ် ငန်း စဉ်လေး တချက်လောက်ပြောပြပေး ပါ။


ဖြေ - အဓိကဆွေးနွေးတာကလေ လိုလားတဲ့ တတိယအကြိမ် (၂၁)ပင်လုံညီလာခံမှာ တစ်ဆို့ခဲ့တဲ့ ကိစ္စ တွေကို အလွတ်သဘောအနေနဲ့ နှစ်ဘက်ခေါင်းဆောင်တွေ က နည်းလမ်းရှာပြီးတော့မှ ဒါကို ဖြတ်ကျော်နိုင်မလားပေါ့ အဲဒီသဘောပေါ့နော်။ အဓိကတစ်ဆို့နေတာကတော့ တပ်မတော်ဘက်က တင်ပြတာက လုံး၀ ခွဲမ ထွက် ရပေါ့နော်။ခွဲမထွက်ရဆိုတဲ့ ကိစ္စနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ပေါင်းစည်း ထားတယ်။ ခွဲမထွက်ရကိုလက်ခံမှ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ပြည်နယ်ဖွဲ့စည်းပုံတို့ကို လက်ခံ ဆွေး နွေး မယ်ပေါ့နော်။ တိုင်းရင်းသားအခွင့်အရေး အဲဒီလိုမျိုးဖြစ်နေတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ အဲဒါက တချက်နော်။ နောက်တချက်က လုံခြုံရေးပိုင်းဆိုင်ရာမှာ တပ်မတော်တခုတည်းဖြစ်ရမယ်ဆိုတဲ့ ကိစ္စ  လေ။ အဲဒီကိစ္စမှာ ၂ခုတစ်ဆို့နေတယ်။ အဲဒီတစ်ဆို့နေတဲ့ ကိုစ္စကို အလွတ်သဘောအနေနဲ့ လူကြီး ချင်းပေါ့နော်၊ နှစ် ဘက် ဟိုဘက်က ထိပ်သီးခေါင်းဆောင် ဒီဘက်ကထပ်သီးခေါင်းဆောင် တဘက် ကို ၁၀ ဦးစီနဲ့ညှိနှိုင်းကြည့်တောပေါ့နော်။ နည်းလမ်းရှာပြီးတော့ ညှိနှိုင်းကြည့် တယ်။ ညှိနှိုင်းတဲ့နေရာ မှာလဲ ပြီးခဲ့တဲ့ ၁၅ရက်နေ့နဲ့ ၁၆ရက်နေ့ ၂ရက် ညှိနှိုင်းလိုက်ကြတယ်။ ဒီလိုအလွတ်သဘော ညှိနှုင်း ကြည့်တော့လဲ နာလည်မှုမရကြသေးဘူး။ မရကြသေးတော့နောက်ပြန်တွေ့ဖို့တော့ စီစဉ်ထားတာ  ပေါ့လေ။ မကြာခင်မှာပြန်ညှိမယ်။ အဓိကကတော့လေ တပ်မတော်က ခွဲမထွက်ရဆိုတဲ့ ဟာကို ချမှတ် ထားတဲ့အပေါ်မှာတိုင်းရင်းသားတွေဘက်က ဘယ်လိုလက်ခံလဲဆိုတော့ ၄၇ခုတုန်းက ပင်လုံ စာချုပ်မှာ ပင်လုံစာချုပ်ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ဥပမာ ကချင်ပြည်နယ်ကိုသွားတယ် ရှမ်းပြည်နယ်ကိုသွားတယ် ကရင်နီပြည်နယ်ကိုသွားတယ် စသည်ဖြင့်ပေါ့နော် အဲဒီလိုသွားပြီးတော့ မှ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ ပြည်သူတွေနဲ့ပေါ့နော် အမျိုးမျိုး ကတိပေးခဲ့တယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုသဘောပေါ့နော်။ တန်းတူတဲ့ပုံစံမျိုးနဲ့ ပြည်ထောင်စုသဘော။ မလိုချင် တဲ့ အချိန်ကျရင် ခွဲထွက်ပိုင်ခွင့်ပါရှိတယ် ဆိုတဲ့ ကတိတွေပေးခဲ့တဲ့အပေါ်မှာ နောက်ဆုံးမှာတော့ အား လုံးယုံကြည်ပြီးတော့ပေါ့လေ လွတ်လပ်ရေးရဖို့ ပြည်ထောင် စုတခုတည်းမှာ တန်းတူညီမျှပေါ့နော် တန်းတူတဲ့ အနေအထားနဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ကြတယ် အဲဒီမှာ ပင်လုံစာချုပ်ဆိုတာဖြစ်လာ တယ်။ ဒါပေမဲ့ အဲဒီစာ ချုပ်ထဲမှာ ခွဲထွက်ခွင့်ရှိတယ် မရှိဘူးဆိုတာကတော့ ဟာတော့ မပြောဘူး မရေးဘူး။ ဒါပေမဲ့ အဲဒီ ပေးထားတဲ့ ကတိကဝတ်အတိုင်းကိုလေ ၄၇ဖွဲ့စည်းပုံမှာဆိုရင် ရှမ်းပြည်နယ် နဲ့ ကရင်နီပြည်နယ်ကို ဆယ်နှစ်ပြည့်ပြီးရင် ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုထားတယ်။ ကချင်ကိုတော့ သူတို့ နယ်မြေကိစ္စပေါ့လေ ဗန်းမော်ခရိုင်နဲ့ သူတို့ အပေးအယူလုပ်ထားတော့ ကချင်ကခွဲထွက်ခွင့် ကိုမတောင်းတော့ဘူး။ အဲလိုသဘောထားဖြစ်နေတယ်။ ချင်းကလဲမတောင်ဘူး။ အဲဒီလိုအနေထား မျိုးရှိခဲ့တယ်။ အခုအဲဒီကိစ္စကိုပြန်ဆွေးနွေးတော့ တိုင်းရင်းသားတွေဘက်ကနေ ဘယ်လိုမြင်လဲဆို  တော့ တို့နိုင်ငံကိုအကောင်အထည်ဖေါ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ တို့နိုင်ငံအ တွက်တကယ်အရေး ကြီးတဲ့ စာချုပ်ဖြစ်တယ်။ ဒါကိုမပြုပြင်သင့်ဘူးနော်။ ပြင်တာဖျက်တာမျိုးမလုပ်သင့်ဘူးလို့ အန်ကယ် တို့ဘက်ကခံယူထားတယ်။ တချက်နော် အဲဒီလိုခံယူတယ်။ ဒီနေ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြည်တွင်းစစ်တွေဖြစ် နေတာက အဲဒီပင်လုံစာချုပ်ရဲ့အားနည်းချက်မဟုတ်ဘူးလို့ အန်ကယ်တို့မြင် တယ်။ အဓိကအားဖြင့်ကတော့ပင်လုံစာချုပ်အတိုင်းအာဏာရထားတဲ့သူတွေက အကောင်အထည် မဖေါ်လို့ပဲ ပဋိပက္ခဖြစ်နေတာဖြစ်တယ်။ ပင်လုံစာချုပ်မှာဘာမှပစ်ချက်မရှိဘူးမြင်တယ်။ ဒီလောက် အရေးကြီးတဲ့ နိုင်ငံတခုကိုအကောင်အထည်ဖေါ်လာခဲ့တဲ့စာချုပ်ကို မပြင်သင့်ဘူး။ ပြင်တာဖျက်တာ မလုပ်သင့်ဘူးလို့ခံယူတာကတချက်။ နောက်တခုက ပင်လုံးစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့လူမျိုးတွေ  ပေါ့နော် သူတို့ခေါင်းဆောင်တွေ လက်နဲ့ရေးခဲ့တဲ့ သဘောတူညီချက်ကို သူတို့လက်ထက်မှာ ခြေနဲ့ ဖျက်တာမျိုးသူတို့ မလုပ်ချင်ဘူး။ သူတို့လုပ်ရင် သူတို့ သမိုင်းတရားခံဖြစ်သွားနိုင်တယ် ဆိုတဲ့ ခံယူ ချက်မျိုးရှိကြတယ်။  ဒါကြောင့်အဲဒါကိုလက်မခံနိုင်သေးတာပါ။ လက်မခံနိုင်ပေမဲ့ တိုင်းရင်းသားတွေ ရဲ့ဆန္တကပေါ့နော် ခွဲထွက်လိုချင်တဲ့ဆန္တမဟုတ်ဘူး။ ပူးပေါင်းချင်တဲ့ဆန္တနဲ့ပူးပေါင်းခဲ့လို့ပဲ ဒီပြည်  ထောင်စုကြီးဖြစ်လာတယ်။ နောက်တိုင်းရင်းသားတွေရဲ့ဒေသကိုပြန်ကြည့်ရင် ပြည်နယ်တွေကပေါ့  နော် အားလုံးက ကုန်းတွင်းပိတ်ဒေသတွေပဲဖြစ်တယ်။ ဧရိယာ ငယ်ငယ်နဲ့ ကုန်းတွင်းပိတ်ဒေသ  တွေဖြစ်နေတယ်။ ခွဲထွက်ပြီး သီးသန့်နိုင်ငံတည်ထောင်ဖို့ ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ ရည်ရှည် မရပ်တည်နိုင်ဘူး။ အကျိုးမရှိဘူးဆိုတာတော့ အားလုံးသိကြပါတယ်။ အဲဒီတော့ တိုင်းရင်သားတွေ ရဲ့အခြေခံစိတ်ဓါတ်အရရော၊ အခြေအနေအရရော ခွဲထွက်ဖို့ အလားအလာဘယ်လိုမှမရှိကြဘူး။ အန်ကယ်တော့ အဲဒီလိုမြင်တယ်လေ။ အဲဒီကိစ္စမှာ အဖြေတခုခုပေးဖို့ဆိုတဲ့နေရာမှာပေါ့နော် အန်ကယ်တို့ လက်ရှိ ၁၀ဖွဲ့နဲ့ပဲ အဖြေပေးလို့လဲ မသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၂၀ေလောက်ရှိတယ်လေ။ ၁၀ဖွဲ့နဲ့ပဲတခုခုဆုံးဖြတ်ဖို့မသင့်ဘူး။   နောက်တခုက အရေးကြီးတယ်။ ပြည်သူတရပ်လုံးနဲ့ဆိုင်တယ်။ လိုအပ်ရင် ပြည်သူ့ဆန္တကိုလဲယူဖို့ လိုတယ်။ အဲဒီလိုခံယူချက်နဲ့ ဒါကိုခွဲထွက်ခွင့်ရှိတယ်လို့လဲ မသုံးနဲ့ မရှိဘူးလို့လဲ မသုံးနဲ့ ဖက်ဒရယ်မူ ကိုပဲဆွေးနွေးသွားပါ။ နောက်တဖက်က အန်ကယ်တို့အနေနဲ့က ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ဟာမှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ဘယ်လောက်ရှိလဲ။ ပြည်နယ်တွေရဲ့ အခွင့်အရေးဘယ်   လောက်ရှိလဲ။ အာဏာခွဲယူတဲ့အခါမှာ ပြည်ထောင်စုအစိုးရက အာဏာဘယ်လောက်ယူမလဲ၊ ပြည် နယ်အစိုးရက အာဏာဘယ်လောက်ယူမလဲဒါတွေဘာမှမတိကျသေးဘူး။ အဲဒီလိုဘာမှ မရေရာတဲ့ အနေအထားမှာ ခွဲထွက်ခွင့်ရှိတယ် မရှိဘူးဆိုတဲ့ ဟာမျိုးကတော့ အန်ကယ်တို့ လုံးဝခွဲမထွက်ပါဘူး လို့ ဆိုတဲ့ ဟာနဲ့ ဒါကလဲ ပြဿနာတရပ်ပါ။ အဲဒါကြောင့် အန်ကယ်တို့မြင်တာကတော့ ဒါနဲ့ ပိတ်ဆို့ ထားတဲ့ သဘောမဖြစ်သင့်ဘူး။ အတင်းအကျပ်ချုပ်ကိုင်ထားတဲ့ သဘော မဖြစ်သင့်ဘူး။ ဒီကိစ္စက ခွဲထွက်ခွင့်ရှိတယ်လို့လဲမသုံးနဲ့ ခွဲထွက်ခွင့်မရှိဘူးလဲမသုံးနဲ့ တကယ်တန်းတူအခွင့်အရေးရှိနေရင် တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဌာန်းခွင့်ရှိနေရင် ဘယ်သူမှခွဲထွက်မှာမဟုတ်ဘူး။ မြေကျဉ်း ကျဉ်းနဲ့ ကုန်းတွင်းပိတ်ဧရိယာလိုဖြစ်နေတဲ့ သဘောထားမျိုး ဘယ်လိုမှမဖြစ်နိုင်ဘူး။ အန်ကယ်တို့ လဲပြောပြပါတယ်။ ဥပမာ - ဆွစ်ဇာလန်နိုင်ငံဆိုရင် ဂျာမနီတို့ ပြင်သစ်တို့ အီတလီတို့ သူတို့နောက် ကြောင်းမှာ မိခင်နိုင်ငံတွေရှိတယ်။ ဒါတောင် သူတို့ခွဲထွက်ပြီး ဟိုမှာသွားပေါင်းတာမရှိဘူးလို့။ ဒါ ကြောင့်အဓိကအားဖြင့် ဒီဟာတွေနဲ့ဆွေးနွေးတာမကြေလည်သေးတော့ နောက်မကြာခင်မှာပြန် လည် ဆွေးနွေးညှိနှိုင်းဖို့ နောက်ဆုံးတော့ အဲဒီလိုကျော်ဖြတ်ခဲ့ရတာပေါ့။

မေး - ပြီးခဲ့တဲ့ အလွတ်သဘောထိပ်သီးဆွေးနွေးပွဲမှာပေါ့ NCA-S EAO အနေနဲ့ တွေ့ဆုံမှုအပေါ်မှာ အားရကျေနပ်မှုအပိုင်းတချက်လောက်ပြောပြပေးပါ။ ဘယ်လောက်အားရကျေနပ်မှုရှိလဲ။


ဖြေ - ဒီလိုပါ။ အားရမှုအပိုင်းမှာ အရင်တုန်းကဒီလိုမျိုးမတွေ့ကြဘူးလေ။ အခုထိပ်သီးခေါင်းဆောင်   တွေပဲအလွတ်သဘောတွေ့ကြတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ အလွတ်သဘော အနေနဲ့ ပွင့်ပွင့်လင်းလင်း သူ့ဆန္ဒ သူ့အမြင်၊ ကိုယ့်ဆန္ဒကိုယ့်အမြင်တင်ပြကြတာ အဲဒီသဘော။ ဒါပေမဲ့ တချို့တော့ နားလည် မှုရှိကြပါတယ်။ တဘက်ရဲ့အမြင်သဘော ထားနဲ့  နောက်တဘက်ရဲ့ အမြင်သဘော ထားကို ပြေပြေလည်လည်တင်ပြကြတဲ့အပေါ်မှာ နားလည်မှုတော့ပိုရှိလာတယ် အဲဒီအပေါ်မှာ နည်းလမ်းတော့ ဆက်ရှာသွားရမှာပေါ့။

မေး - ဆက်ပြီးတော့ရော အလွတ်သဘောတွေ့ဆုံမှုတွေ အခက်အခဲကြုံလာရင် ထပ်မံတွေ့ဆုံကြဖို့ရှိ ပါသလား။


ဖြေ - ရှိတယ် ရှိတယ် ထပ်လုပ်ရမယ်။ ဒီပြဿနာကို ဖြတ်ကျော်ဖို့အတွက်။ ဒီပြဿနာကို မကျော် ဖြတ်နိုင်ရင်နိုင်ငံရေးအရဖြေရှင်းမှုဆိုတဲ့ ဟာတွေဘယ်လိုမှဖြေ ရှင်းလို့မရဘူး။ဒါကအဓိက အကျဆုံး ပဲ။ လူမှုရေးတွေ ကျားမ တန်းတူရေးတွေပဲဆွေးနွေးနေလို့ ပြဿနာက ပြီးတာမဟုတ်ဘူးလေ။ အဓိ ကကတော့ နိုင်ငံရေး ပြဿနာ။ ပြီးတော့ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးပြဿနာ အဲဒါတွေလုပ် ရမယ်။


မေး - လက်မှတ်မထိုးထားရသေးတဲ့တခြားညီအစ်ကိုအဖွဲ့အစည်းအနေနဲ့ ပါဝင်လာရေးအတွက်ရော  ငြိမ်ချမ်းရေးဖြစ်စဉ်မှာသူတို့ပါဝင်လာရေးအတွက် ဆရာတို့ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲပေါ့နော်။


ဖြေ - အန်ကယ်တို့က အဲဒီကိစ္စလဲပြောပါတယ်။ တို့က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCAဆိုပြီး  တာ့ နာမည်ခံထားတာ။ တကယ်တမ်းတနိုင်ငံလုံး ပြဿနာ တွေပြေလည်ဖို့ တနိုင်ငံလုံးအေးချမ်းဖို့ ဆိုတာဟာ တနိုင်ငံံလုံးမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်။ သူတို့ မပါရင် ဘယ်လိုမှ တနိုင်ငံ လုံးအေးချမ်းမဲ့ အနေအထားမျိုးမဖြစ်နိုင်ဘူး။ သူတို့လဲပါဝင်ဖို့သင့်တယ်။ အဲဒါလဲနည်းလမ်းရှာရမယ်။ သူတို့မပါရင်တောင် သူတိုဆန္တ သဘောထားဘယ်လို နည်းနဲ့ ပါလာနိုင် မလဲ။ အန်ကယ်တို့မြင်တာကတော့ တချို့ကတော့ NCAမှမထိုးပေမဲ့ပေါ့နော် bilateral အနေနဲ့ ထိုး ထားတာရှိတယ်။ အဲဒီအဖွဲ့တွေလဲ ဘယ်လိုနည်းနဲ့ ပါလာနိုင်မလဲ။ bilateral မထိုးထားတဲ့သူတွေလဲ  ဆွေးနွေးမှုမှာ သူတို့အမြင်သဘောထား တွေလဲပါဝင်လာနိုင်အောင် ဒါတွေလည်နည်းလမ်းတော့ ရှာသွားမှာပါ။ အကောင်းဆုံးကတော့အန်ကယ်တို့မြင်တာကအစိုးရဘက်အနေနဲ့နော် သဘောထား ကြီးကြီးနဲ့ အားလုံးပါဝင်နိုင်ရေး ထိုးတာ မထိုးတာ အပ ထား၊ ပြဿနာ ဖြေရှင်း တဲ့နေရာမှာ သူတို့ ပါဝင်ဖို့လိုတယ်။


မေး - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ထိပ်သီးတွေဆုံးပွဲကရော ဖြစ်မြောက်ဖို့ရှိ လားပေါ့။ ဆရာတို့တွေ့ဆုံဖို့ရှိလားပေါ့။


ဖြေ - ဒီကိစ္စအန်ကယ်တို့စီစဉ်ထားတာရှိတယ်။ ဒါပေမဲ့ ဘယ်တော့ဖြစ်မလဲ မသေချာသေးဘူး။  နောက်ထပ်ညှိနှိုင်းရဦးမယ်။ တကယ်လို့ UNFC နဲပ PPST ကြားမှာ နားလည်မှု အချိန်မရွေးလုပ် လို့ရတာပေါ့နော်။ ဒါပေမဲ့ မြောက်ပိုင်းမှာရှိတဲ့ အင်အားစုတွေပေါ့နော် အဲဒီအင်အားစုတွေညှိရဦး မယ်။ သူတို့ပါပါဖို့ ။ ဒါမှ EAO အားလုံး ပါဝင်တဲ့ conference ကြီးတခုဖြစ်မယ်။ သူတို့နဲ့ ညှိရဦးမယ်။


မေး - နောင်ဆုံးအနေနဲ့ ပြည်သူလူထုက Peace Process အပေါ်မှာ စောင့်ကြည့်နေကြတယ်။   နောက်တခုက အားရကျေနပ်မှုအပိုင်းပေါ့နော်။ ပြည်သူတွေအနေနဲ့ စိတ်မရှည်တာတွေရှိတာပေါ့  နော်။ general public မှာပေါ့လေ။ အဲဒီလိုအပိုင်းမှာ ဆရာ့အနေနဲ့ ပြည်သူကို ဘယ်လိုအားပေးချင် လဲ peace process နဲ့ပတ်သက်ပြီးတော့ ပေါ့လေ။


ဖြေ - ပြည်သူလူထုကို အန်ကယ်ပြောချင်တာကတော့ အခုဒီလက်နက်ကိုင် ပဋိပက္ခဆိုတာ လွတ် လပ်ရေးရတဲ့ ၄၈ခုနှစ်ကတည်းက။ အခုဆို နှစ်၇၀ ပြည့်ပြီ။ ဒီနှစ်ပေါင်း ၇၀ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ချက်ချင်း တနှစ် တည်းနဲ့ နှစ်နှစ်တည်းနဲ့ အချိန်တိုထဲမှာ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ အချိန်တော့ နဲနဲယူ ရမယ်။ စိတ်ရှည်ရမယ်။ တကယ့်အရင်းခံပြဿနာတွေကို မြင်တတ်ဖို့ပဲလေနော်။ အဲဒီအတွက် အချိန်နဲနဲပေးပြီးတော့ ရှာရဦးမယ်။ သီးခံပြီးတော့ ကျိုးပမ်းရဦးမယ် အခြေအနေကတော့ အဲဒီလို ရှိပါတယ်။ အဲဒါကြောင့် ဒီကိစ္စကို တဘက်ကလဲ အားပေးစေချင်တယ်။ တဘက်ကလဲ စိတ်ရှည်ဖို့  တော့လိုပါတယ်လို့။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။