Condolence for Padoh Saw Bee Lal

  • Topics:

    Condolence for Padoh Saw Bee Lal

  • Location:

    No. 6, Shwe Li Street, Kamayut Township, Yangon, Yangon

  • Category:

    Others

  • Start Date:

    January 29, 2019 09:00 AM

  • End Date:

    January 29, 2019 11:00 AM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (NCA-S EAO JMC) အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် နှင့် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S (တနင်္သာရီ)၏ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ် သူ ပဒိုစောဘီးလယ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင်ကွယ်လွန်သွားသည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေ ကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ပဒိုစောဘီးလယ်သည် ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်/ ထားဝယ်ခရိုင်၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး JMC လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ တတပ်တအား ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။