Closing Remarks by General Yawd Serk, (Acting Team leader) addressed at Peace Process Steering Team (PPST) meeting (14/ 2021)

  • Topics:

    Closing Remarks by General Yawd Serk, (Acting Team leader) addressed at Peace Process Steering Team (PPST) meeting (14/ 2021)

  • Location:

    video conferencing, video conferencing

  • Category:

    PPST

  • Start Date:

    April 3, 2021 09:30 AM

  • End Date:

    April 4, 2021 04:00 PM

  • Share:

Description

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) အစည်းအဝေး(၁၄/၂၀၂၁)တွင် ပြောကြားသည့်

ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နိဂုံးချုပ်မိန့်ခွန်း

၂၀၂၁ ခုနှစ်၊ ဧပြီလ (၄)ရက်

 

ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ ရလဒ်ကောင်းရရှိအောင် ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြတဲ့ ခေါင်းဆောင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ဆန္ဒထုတ်ဖော်ပြပွဲများနဲ့ Civil Disobedience Movement-CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို အောင်မြင်သည်အထိ ဆက်လက် ဝိုင်းရံကူညီပံ့ပိုးပေးဖို့ မိမိတို့ အစည်း အဝေးမှာ ဆုံးဖြတ်နိုင်ခဲ့တယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်ဆင်နွှဲကြတဲ့ ပြည်သူများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်းများနဲ့ ဥပဒေမဲ့ မတရား ဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရေးအတွက် စစ်ကောင်စီကို ဖိ အားပေးဖို့ ဆွေးနွေးနိုင်ခဲ့တယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအား အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်နှင့် CRPHက ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမို ကရေစီပဋိညာဉ် (Federal Democracy Charter) တို့အား ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။

PPSTက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ (FRC)ရဲ့ တစ်လတာအတွင်း ဆောင်ရွက်ချက်များကို ပြည်လည်သုံးသပ်ဆွေးနွေးပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေ ရှင်းနိုင်ရေးနဲ့ပတ်သက်လို့ နိုင်ငံတ ကာနဲ့ ပိုမိုဆက်သွယ် ဆောင်ရွက်သွားဖို့ သဘောထားချမှတ်နိုင်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ PPSTရဲ့ အရေးပါတဲ့ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးညှိနှိုင်းပြီး ချမှတ်နိုင်ခဲ့သလို စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးခြင်းများ မပြုလုပ်ရေးမူအတိုင်း PPST အ နေနဲ့ ဆက်လက်ရပ်တည်ဖို့ ဆုံး ဖြတ်နိုင်ခဲ့တယ်။

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ကြတဲ့ ပြည်သူများအားလုံးအတွက် မိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနဲ့ ၄င်းတို့ရဲ့ပေးဆပ်မှုအတွက် ဂုဏ်ပြုပါကြောင်း ပြောကြားလိုပါ တယ်။

လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် တတ်နိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။