6th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Topics:

    6th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Location:

    Yangon, Yangon

  • Category:

    NCA-S EAO's Framework Agreement on NCA Implementation Working Group Meeting

  • Start Date:

    June 22, 2020 10:00 AM

  • End Date:

    June 22, 2020 04:00 PM

  • Share:

Description

6th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting has been held since this morning. Col. Sai Ngern, the leader of Framework Agreement for NCA Implementation Working Group, delivered the Opening Remarks as follows:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး Online Video Conference(ဆဌမအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်   အဖွင့်အမှာစကား

  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်

 NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး Online Video Conference (ဆဌမအကြိမ်) သို့ Online မှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်များ ကိုယ်စားလှယ် အားလုံး ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

လာမယ့် ဇွန်လ ( ၂၃၊ ၂၄၊ ၂၅)ရက်နေ့တွေမှာ အစိုးရညှိနှိုင်းရေးအဖွဲ့နဲ့ NCA–S EAO ညှိနှိုင်းရေးအဖွဲ့တို့ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးညှိနှိုင်းကြဖို့အတွက် မိမိတို့ဖက်က ဆွေးနွေးမယ့် အကြောင်းအရာတွေကို အစည်းအ ဝေး (၅) ကြိမ်ကျင်းပပြီး သေချာ ပြင်ဆင်ထားခဲ့ပြီ ဖြစ်ပါတယ်။

သုံးလကျော်ကြာကာလအတွင်း နှစ်ဦးနှစ်ဖက် တရားဝင် ပြန်လည်ဆွေးနွေးညှိနှိုင်းတဲ့ပွဲဖြစ်လို့ အစကောင်းတဲ့ပွဲ ဖြစ်ဖို့လိုအပ်သလို ရလဒ်ကောင်းထွက်တဲ့ ပွဲဖြစ်အောင် ကြိုးပမ်းရ၊ ညှိ နှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် အပိုင်း (၃) ပိုင်း ဖြစ်တဲ့ NCA  အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့် လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အ ကောင်အထည်ဖော်မှုများနဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေ၊  COVID-19  ကပ်ရောဂါကာလ အခြေအနေ အောက်မှာ ကျင်းပရနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းများကို ဒီနေ့အစည်းအဝေးမှာ အကျေအလည် ထပ်မံ ဆွေးနွေးပြီး အစိုး ရနဲ့ ညှိနှိုင်းဆွေးနွေးရေးအတွက် လိုအပ်တာတွေ ပြင်ဆင်ထားဖို့ ရှိပါတယ်။

ညီလာခံ ကျင်းပမယ့်အချိန်ကို သတ်မှတ်ရာမှာ အစုအဖွဲ့အားလုံးနဲ့ သင့်လျော်အဆင်ပြေမယ့် အချိန်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အစိုးရက ဇူလိုင်လအတွင်း ညီလာခံကို ကျင်းပလိုပြီး NCA-S EAOက သြဂုတ်လအတွင်း ကျင်းပလိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်လိုအပ်လို့ နိုင်ငံ ရေးပါတီတွေအနေနဲ့ ဖြစ်နိုင်ရင် ညီလာခံကို ခပ်စောစော ကျင်းပလိုတယ်ဆိုတာ အရိပ်အမြွက် ကြားသိရပါတယ်။  တပ်မတော်ကလည်း လုံလောက်တဲ့ ဆွေးနွေးမှုနဲ့ လုံလောက်တဲ့ အ ချိန်လိုအပ်တယ်လို့ ပြောထားတာ ရှိပါတယ်။ ထို့ကြောင့် ညီလာခံ ကျင်းပမယ့် ရက် သတ်မှတ်ရေးကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ အစုအဖွဲ့ အားလုံး လက်ခံသဘောတူတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေးနဲ့ ငြိမ်းချမ်းရေး ရှေ့ လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပေးကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။