5th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Topics:

    5th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting held this morning

  • Location:

    Yangon, Myanmar, Yangon

  • Category:

    NCA-S EAO's Framework Agreement on NCA Implementation Working Group Meeting

  • Start Date:

    June 10, 2020 10:00 AM

  • End Date:

    June 10, 2020 04:00 PM

  • Share:

Description

5th Online Video Conference of Framework Agreement for NCA Implementation Working Group Meeting has been held since this morning. Col. Sai Ngern, the team leader, delivered the Opening Remarks. The Opening Remarks of Col. Sai Ngern is as follows:

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး Online Video Conference(ပဉ္စမအကြိမ်)တွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်   အဖွင့်အမှာစကား

 ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်


 NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး Online Video Conference (ပဉ္စမအကြိမ်) သို့ Onlineမှတဆင့် တက်ရောက်လာကြတဲ့ NCA-S EAO ခေါင်းဆောင်များ ကိုယ်စားလှယ်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ထည့်သွင်းချုပ်ဆိုမယ့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေ၊  လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေ တွေ၊ Covid-19 ကပ်ရောဂါဆိုင်ရာ ကာကွယ်တားဆီးထိန်း ချုပ်ကုသရေးလုပ်ငန်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေးတို့ကို ဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အစိုးရက ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့် ဇူလိုင်လအတွင်း ကျင်းပလိုတယ်ဆိုတာကို မိမိတို့ NCA-S EAO များဆီ ပြီးခဲ့တဲ့မေလအကုန်မှာ တရားဝင် အဆိုပြုလာ ခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)မှာ ထည့်သွင်းချုပ်ဆိုမယ့် အချက်တွေ၊ ညီလာခံ ကျင်းပသည့် အခင်းအကျင်းပုံစံကိုပါ အစိုးရက အဆိုပြုလာတဲ့ အပေါ် မိမိတို့အနေနဲ့ ပြန်လည် အကြောင်းပြန်ကြားဖို့ လိုအပ်ပါတယ်။

အစိုးရရဲ့ အဆိုပြုချက်အပေါ် တစ်ဖွဲ့ချင်းရဲ့သဘောထားကို စုစည်းရယူပြီး အစိုးရဆီ မိမိတို့ရဲ့ အဆိုပြုချက်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

ဖက်ဒရယ်လမ်းညွှန်အခြေခံမူတွေနဲ့ပတ်သက်လို့  တခြား ညီနောင်EAO တွေရဲ့ သဘောထားအမြင်တွေကို ညှိနှိုင်းရ ယူ သွားဖို့ ရှိပါတယ်။  မိမိတို့အချင်းချင်းကြား ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ဖြစ်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် မိမိတို့ EAO အကြား လူမျိုး ဘာသာမရွေး၊ နယ်မြေဒေသမရွေး၊ အဖွဲ့အစည်းမရွေးဘဲ ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ပြည်သူလူထုအရေး၊ ပြည်ထောင်စုအရေးကို ရှေ့တန်းတင်လို့ပဲ ဖြစ်ပါတယ်။ သည်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များ နဲ့ အဖွဲ့အစည်းများကို ကျေး ဇူးတင်ရှိပါတယ်။

မိမိတို့ ဒီနေ့မှာ အစည်းအဝေးကျင်းပသလိုပဲ နေပြည်တော်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ အစည်းအဝေး ထိုင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေး နွေးနေတယ်လို့ ကြားသိရပါတယ်။ အစည်းအဝေးနှစ်ခုကနေ ကောင်းမွန်တဲ့ရလဒ်တွေရရှိပြီး သဘောတူတဲ့အချိန် အတော အတွင်း ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီအစည်းအဝေးမှာ အားလုံးအတွက် မျှမျှတတဖြစ်စေတဲ့ရလဒ်ရရှိအောင် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။