5th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon

  • Topics:

    5th Negotiation Meeting between Government and NCA-S EAO held in NRPC, Yangon

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    July 2, 2020 10:00 AM

  • End Date:

    July 4, 2020 04:00 PM

  • Share:

Description

5th Negotiation Meeting between Government and NCA-S EAO has been held in NRPC, Yangon since this afternoon. The meeting will have been holding for 3 days. Col. Sai Ngern, the leader of NCA-S EAO Negotiation Team, delivered the Opening Remarks expressed below:


ပဉ္စမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက် အမှာစကား

         ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်

လေးစားအပ်ပါသော အစိုးရနှင့် NCA-S EAO  ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြတဲ့ နှစ်ဖက်ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များအားလုံး ကျန်း မာပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပြီးခဲ့တဲ့ မိမိတို့ နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ချန်ထားခဲ့တဲ့ ဆက်လက်ညှိနှိုင်းဖို့ အချက်တွေကို ဒီနေ့ အစည်းအဝေးမှာ သဘောတူညီချက်ရရှိအောင် ကြိုးပမ်း ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မူအားဖြင့် သဘောတူ ထားတဲ့ အချက်များကို အပြီးသတ်သဘောတူညီမှုရဖို့ ဆက်လက်ညှိနှိုင်းမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ထည့်သွင်းချုပ်ဆိုမယ့်အကြောင်းအရာတွေ၊ COVID-19  ကပ်ရောဂါကာလအခြေအနေအောက်မှာ ကျင်း ပရနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်းအဝေး၊ JICM အစည်း အဝေးကျင်းပရေး ကိစ္စတွေကို ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားပြီးဖြစ်လို့ ယင်းတို့နဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ သဘောတူထား ပြီးဖြစ်လို့ ယင်းတို့နဲ့ ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို လာမည့်သြဂုတ်လအတွင်း ကျင်းပဖို့ သဘောတူလျာထားပြီးဖြစ်လို့ လျာထားတဲ့ အတိုင်း အချိန်မီအောင် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ နိုင်ငံရေး ပါတီတွေအတွက် ကြိုတင်ပြင်ဆင်ချိန် အလုံအလောက် ရရှိရေး ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို COVID-19  ကပ်ရောဂါ ကာလ အခြေအနေအောက်မှာ ကျင်းပရမှာဖြစ်လို့ ညီ လာခံ အခင်းအကျင်းကို ပြောင်းလဲကျင်းပဖို့ ရှိပေမယ့်  အားလုံး လက်ခံတဲ့ ညီလာခံ ရလဒ်ရရှိရေးအတွက် အစုအဖွဲ့အသီးသီး၊ အလွှာအသီးသီးက ကိုယ်စား လှယ်တွေ စုံစုံညီညီ တက်ရောက်နိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

ဒီညှိနှိုင်းအစည်းအဝေးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါ၊ အရာရောက်တဲ့ အစည်းအဝေး ဖြစ်တာနဲ့ အညီ အားလုံးက စိတ်ဝင်တစားနဲ့ အစည်း အဝေးရဲ့ရလဒ်ကို စောင့်ကြည့်နေတာဖြစ်လို့ ရလဒ်ကောင်း ရရှိအောင် ကြိုးပမ်းဖို့ မိမိတို့အားလုံးမှာ တာဝန်ရှိပါတယ်။

အားလုံးကျေနပ်လက်ခံတဲ့ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ရေး၊ ငြိမ်း ချမ်းရေးရှေ့လုပ်ငန်းစဉ် ချောချောမွေ့မွေ့နဲ့ ရှေ့ ဆက် ချီတက်သွားနိုင်ရေးအတွက် ဒီညှိနှိုင်းအစည်းအဝေးမှာ ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ရှိ ပါတယ်။