5th Negotiation Meeting between Government and NCA-S EAO ends this afternoon

  • Topics:

    5th Negotiation Meeting between Government and NCA-S EAO ends this afternoon

  • Location:

    NRPC, Yangon, Yangon

  • Category:

    Others

  • Start Date:

    July 2, 2020 10:00 AM

  • End Date:

    July 4, 2020 04:00 PM

  • Share:

Description

5th Negotiation Meeting between Government and NCA-S EAO ended this afternoon which started on 2 July. Col. Sai Ngern, the leader of NCA-S EAO Negotiation Team, delivered the Closing Remarks expressed below:


ပဉ္စမအကြိမ်မြောက် အစိုးရနှင့် NCA-S EAO ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် NCA-S EAO ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နိဂုံးချုပ် အမှာစကား

                                                                                     ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄)ရက်

ဒီပဉ္စမအကြိမ်မြောက် အစိုးရနဲ့ NCA-S EAO ညှိနှိုင်းအစည်းအဝေးမှာ   ရလဒ်ကောင်းရရှိဖို့ စိတ်ရှည်လက်ရှည်၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ဝိုင်းဝန်းဆွေး နွေးညှိနှိုင်း ပေးကြတဲ့အတွက် နှစ်ဖက်ညှိနှိုင်းရေးကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ပြီးခဲ့တဲ့ မိမိတို့ နှစ်ဖက်ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ရဲ့ အကြောင်းအရာတွေထဲက ချန်ထားခဲ့တဲ့ ဆက်လက် ညှိ နှိုင်းဖို့ အချက်တွေကို ဒီအစည်းအဝေးမှာ ဆက်လက်ညှိနှိုင်းနိုင်ခဲ့တယ်။ သဘောတူညီချက်များလည်း ထပ်မံရရှိခဲ့ပါတယ်။

COVID-19 ကပ်ရောဂါ ကာလအခြေအနေအောက်မှာ ကျင်းပရနိုင်ဖွယ်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်း ပရေးဆိုင်ရာ အခင်းအကျင်းကို အသေးစိတ် ဆွေးနွေးပြီး ဆောင်ရွက် သွားမယ့် အစီအစဉ်တွေ ညှိနှိုင်းနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပုံသဏ္ဍာန် (Format)ကို ရေးဆွဲဖို့  စာချုပ်မူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်ရေးဆွဲသွား နိုင်ရေး ဆွေးနွေးနိုင်ခဲ့တယ်။

တစ်ဖက်မှာလည်း မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ ဆွေးနွေးညှိနှိုင်းအစည်းအဝေးမှ ရရှိလာတဲ့ ရလဒ်များကို UPDJC နိုင်ငံရေးအစုအဖွဲ့ထံ ရှင်းလင်းတင်ပြ နိုင်ရေးအတွက် သဘောထားချမှတ်နိုင်ခဲ့တယ်။

ဆဌမအကြိမ်မြောက် နှစ်ဖက်ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ နောက်ဆုံးပတ်မှာ ကျင်းပမှာဖြစ်လို့ အဲဒီအစည်း အဝေးမတိုင်မီ ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေ၊ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို နှစ်ဖက် ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

COVID-19ကြောင့် Onlineမှာ ညှိနှိုင်းဆွေးနွေးရတာဟာ အကန့်အသတ်ရှိတဲ့အတွက် လူချင်းမျက်နှာ စုံညီထိုင်ပြီး ဆွေးနွေးညှိနှိုင်းမယ့် အခင်းအကျင်းမျိုးဖြစ်ဖို့ ကျန်းမာရေးညွှန်ကြားချက်များနဲ့အညီ မိမိတို့အနေနဲ့ ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။

အားလုံးကျေနပ်လက်ခံတဲ့ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆို နိုင်ရေး၊ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်ချီတက်သွားနိုင်ရေးတို့အား ဒီညှိနှိုင်းအစည်း အဝေးမှာ ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးပေးကြတဲ့အတွက် မိမိအနေနဲ့ နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင်များကို ဂုဏ်ပြုပါကြောင်း ပြောကြားရင်း နိဂုံး ချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။