5th NCA-S EAO Social Sector Workshop held in Yangon

  • Topics:

    5th NCA-S EAO Social Sector Workshop held in Yangon

  • Location:

    Mercure Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    August 7, 2019 09:00 AM

  • End Date:

    August 9, 2019 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ (၅) ကြိမ်မြောက် လူမှု ရေးကဏ္ဍဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ (5th NCA-S EAO Social Sector Workshop) ကို သြဂုတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Mercure ဟိုတယ်တွင် စတင်ကျင်းပလျက်ရှိပြီး သြဂုတ်လ (၉) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။


အလုပ်ရုံဆွေးနွေးပွဲ နှုတ်ခွန်းဆက်အမှာစကားကို EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းမှ ပြောကြားခဲ့သည်။ ဗိုလ်မှူးကြီးစိုင်းငင်းမှ အလုပ်ရုံ ဆွေး နွေးပွဲ (၃)ရက်တာအတွင်းမှာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ပညာရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ၊ မူဝါဒတွေ စုပေါင်းချမှတ်နိုင်ရန် ဆောင်ရွက်မှာ ဖြစ် ပါကြောင်း၊ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ တစ်နှစ်အတွင်း ကျင်းပနိုင်သည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်သောကြောင့် အကျိုးရှိရှိ အသုံး ချပြီး ဖက်ဒရယ် ပညာ ရေးနှင့် ပတ် သက်သည့် မိမိတို့မျှော်မှန်းချက်များ၊ ဖြစ်ချင်တာများနှင့် အခက်အ ခဲများကို  ဆွေး ေ နွးကာရှေ့လုပ်ငန်းစဉ်နဲ့ အခြေခံမူတွေ ချမှတ် နိုင်မည် လို့ ယုံကြည်ကြောင်း နှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။


ယင်းနောက် NCA-S EAO UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်းမှ EAO UPDJC ဆိုင်ရာကိစ္စရပ်များအား တက်ရောက်လာကြသည့် NCA-S EAO မှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယခုကျင်းပလျက်ရှိသည့် NCA-S EAO လူမှုရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး သြဂုတ်လ (၁၀) ရက်နေ့တွင် (၈) ကြိမ်မြောက် NCA-S EAO လူမှုရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကို တဆက်တည်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကား အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။


NCA-S EAO

ပဉ္စမအကြိမ်မြောက် လူမှုရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည့်  EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ အဖွင့်နှုတ်ခွန်းဆက်အမှာစကား

 *****************************

၂၀၁၉ခုနှစ်၊ သြဂုတ်လ (၇)ရက်

 

ပဉ္စမအကြိမ်မြောက် လူမှုရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးမှ လူမှုရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ကိုယ်စားလှယ်များနှင့် ပညာရှင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲ (၃)ရက်တာအတွင်းမှာ ကျနော်တို့တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ပညာရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ၊ မူဝါဒတွေ စုပေါင်းချမှတ်နိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ လက်ရှိပညာရေး စနစ်နဲ့ ဖက်ဒရယ်ပညာရေးစနစ် ကွာခြားချက်၊  လူမျိုးအလိုက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ ပညာရေးဆိုင်ရာအခြေအနေ၊  လက်ရှိပညာရေး မူဝါဒအကျပ် အတည်းများကျော်လွှားရေးနည်းနည်းရှာခြင်း၊ ငြိမ်းချမ်းရေးနှင့် ပညာရေးဆက်စပ်ခြင်း၊  တိုင်းရင်းသား ပညာရေးနှင့် ဖက်ဒရယ်ပညာရေး၊ မိခင်ဘာသာ စကားအခြေပြုသင်ကြားရေး၊ ပညာရေးစနစ် တည်ဆောက်ပုံနှိုင်းယှဉ်ခြင်း စတာတွေကို ပညာရှင်များရဲ့ ပံ့ပိုးမှုတွေနဲ့ ဒီပွဲမှာအကျယ်တဝင့် ဆွေးနွေးသွားဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံရရှိတဲ့ ပြည်ထောင်စုသဘောတူညီချက် (၅၁)ချက်မှာ လူမှုရေးကဏ္ဍဆိုင်ရာသဘောတူညီချက် (၁၁)ချက်ပါဝင်ခဲ့ပါတယ်။ အဲဒီ(၁၁)ချက်မှာ ပြန်လည်နေ ရာချ ထားရေး၊ ပြန်လည်ထူထောင်ရေး၊လူမှုဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အချက်တွေပါသလို ပညာရေး၊ ကျန်းမာရေး၊ ကလေးသူများငယ်ရေးရာ၊ မူးယစ်ဆေးဝါး ပတ်သက်တဲ့ အချက်တွေ ပါဝင် ခဲ့ပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ လူမှုရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေတော့ မပါသေးပါဘူး။ နောက်နောင်ကျင်းပတဲ့ ညီလာခံတွေမှာ ကျနော်တို့ လိုလားတဲ့၊ အဓိကျတဲ့ သဘောတူညီချက်တွေရရှိအောင် ကျနော်တို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ တစ်နှစ်အတွင်း ကျင်းပနိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်လို့ အကျိုးရှိရှိ အသုံး ချပြီး ဖက်ဒရယ်ပညာရေးနဲ့ပတ်သက်တဲ့ မိမိတို့မျှော်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ၊ အခက်အ ခဲ  တွေ  ဆွေး ေ နွးကာရှေ့လုပ်ငန်းစဉ်နဲ့ အခြေခံမူတွေ ချမှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲမျိုးကို မကြာခဏ ကျင်းပပြုလုပ်သွားဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီ၂၀၁၉ခုနှစ်အတွင်းမှာ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေးကို သက်ဆိုင်တဲ့ အစုအဖွဲ့တွေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျနော်တို့ လူမှုရေးကဏ္ဍ လုပ်ငန်းကော် မတီအနေနဲ့ ညီလာခံမှာ တင်ပြဆွေးနွေးနိုင်ဖို့ လိုအပ်တဲ့ လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူတွေနဲ့ မူဝါဒတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီ(၃)ရက်တာ အလုပ်ရုံ  ဆွေးနွေးပွဲဟာ ကျနော်တို့အတွက် အရေးပါတဲ့ပွဲဖြစ်လို့ တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များအနေနဲ့ ဖက်ဒရယ်ပညာရေး အခြေခံမူများရရှိသည်အထိ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေး ညှိနှိုင်းကြပါလို့  ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 ***********************