4th NCA-S EAO WLPP held in Yangon

  • Topics:

    4th NCA-S EAO WLPP held in Yangon

  • Location:

    Best western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    July 9, 2019 09:00 AM

  • End Date:

    July 13, 2019 04:30 PM

  • Share:

Description


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ်နှင့် ကျား-မ ရေးရာ ရှုထောင့်မှ လေ့လာခြင်းနှင့် ပတ်သက်သည့် NCA-S EAO ၏ စတုတ္တအကြိမ်မြောက် ငြိမ်း ချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (4th Workshop for Women Leadership in Peace Process) ကို ယနေ့ ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Green Hill ဟိုတယ်တွင် စတင်ကျင်းပလျက်ရှိပါသည်။ အစည်းအဝေးကို လာမယ့်  ဇူလိုင် ၁၃ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မိဆူူးပွင့်မှ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက်စကား ကို ပြောကြားခဲ့ ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။   ယင်းနောက် ပဒိုစောကွယ်ထူးဝင်း၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း တို့မှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တွင် အမြင်နှင့် သဘောထားများကို Panel discussion ဖြင့် ဆွေးနွေးဟောပြောခဲ့ကြသည်။ ယင်းအပြီးတွင်  တက်ရောက်ကြသည့် NCA-S EAO (၁၀) ဖွဲ့မှ အမျိုးသမီးကိုယ်စားလှယ်များ မေးခွန်းများမေးခဲ့ကြရာ ခေါင်းဆောင်များမှ ပြန်လည် ဖြေကြားခဲ့သည်။ ထို့နောက် ABSDF ဒုတိယ ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းမှ NCA-S EAO ၏ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးရှိ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ် အဆင့်တိုင်းတွင် ဦးဆောင်သူ များ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သူများအဖြစ် ပိုမိုပါဝင်လာနိုင်စေရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများမှ ပေါ်ထွက်လာသော မူဝါဒများနှင့် အခြေခံမူများသည် အမျိုးသမီးများ၏ လိုအပ်ချက်များကို ပိုမိုထင်ဟပ်လာစေရန် ရည်ရွယ်ချက်များဖြင့် ယခု WLPP အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနေခြင်း ဖြစ်သည်။
ပဒိုကွယ်ထူးဝင်း၏ အဖွင့်မိန့်ခွန်းကို အောက်တွင် ဖော်ပြထားပါသည်။