35th NCA-S EAO UPDJC meeting held through online video conference today

  • Topics:

    35th NCA-S EAO UPDJC meeting held through online video conference today

  • Location:

    Video Conferencing, Video Conferencing

  • Category:

    UPDJC

  • Start Date:

    December 11, 2020 09:30 AM

  • End Date:

    December 11, 2020 04:00 PM

  • Share:

Description

35th NCA-S EAO UPDJC meeting has been holding through online video conference since this morning. Col. Sai Ngern, the team leader of NCA-S EAO UPDJC delivered the opening remarks at the beginning of the meeting. The opening remarks of Col. Sai Ngern is expressed below:


(၃၅) ကြိမ်မြောက် EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာစကား

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်


ဒီနေ့ Online အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ EAO UPDJC အဖွဲ့ဝင်ခေါင်းဆောင်များ၊ နည်းပညာ အထောက်အကူပြုများနဲ့ ရုံးအဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့  ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ဆောင်ရွက်ချက်တွေ၊ သတင်းကောင်းတွေကို စဉ်ဆက်မပြတ်တွေ့ မြင်ကြား သိရတဲ့အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းမှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအကြား ပြုလုပ်နိုင်ခဲ့ကြတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။

ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ပြီးခဲ့တဲ့ သတင်းပတ်မှာ တွေ့ဆုံဆွေး နွေးညှိနှိုင်းပြီး ဘုံသဘောထားချမှတ်နိုင်ခဲ့တာ တွေ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စတွေ ဆွေးနွေးညှိ နှိုင်းခဲ့တာကို ကြားသိရတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ခရီးအတွက် အားတက်မိပါတယ်။

ပြီးခဲ့တဲ့ PPSTအစည်းအဝေးမှာ NCA-S EAOတို့ရဲ့  ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် မူဝါဒတွေ ချမှတ်ပေး နိုင်ခဲ့သလို ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နဲ့ပတ်သက်လို့ အစိုးရနဲ့  အလွတ်သဘောဆွေးနွေးနိုင်ဖို့အ တွက် အဖွဲ့၀င် (၁၀)ဦးပါ၀င်တဲ့ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

ထို့ကြောင့် အစိုးရအသစ် မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလမှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်အတွက် အစိုးရနဲ့ မိမိတို့ NCA-S EAO တွေအကြား အလွတ် သဘောဆွေးနွေးညှိနှိုင်းသွားဖို့ လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သင့် တော်တဲ့ အချိန်ကာလမှာ အစိုးရနဲ့ တွေ့ဆုံနွေးဆွေးနိုင်ဖို့ မိမိတို့ဖက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ ဖက်ဒရယ်မူဆိုင်ရာကိစ္စတွေ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ သဘောတူထားတဲ့အတိုင်း  နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးဖို့ ရှိပါတယ်။

Covid-19 ကပ်ရောဂါကာလမှာ ခေါင်းဆောင်များအားလုံးအနေနဲ့ မိမိတို့ကျန်းမာရေးကို အထူးဂရုပြုကြပါလို့ တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။