33rd NCA-S EAO UPDJC meeting held through online video conference today

  • Topics:

    33rd NCA-S EAO UPDJC meeting held through online video conference today

  • Location:

    Yangon, Yangon

  • Category:

    UPDJC

  • Start Date:

    October 28, 2020 10:00 AM

  • End Date:

    October 28, 2020 04:00 PM

  • Share:

Description

33rd NCA-S EAO UPDJC meeting has been holding through online video conference since this morning. Col. Sai Ngern, the team leader of NCA-S EAO UPDJC delivered the opening remarks at the beginning of the meeting. The opening remarks of Col. Sai Ngern is expressed below:

(၃၃)ကြိမ်မြောက် EAO UPDJC အစည်းအဝေးတွင် ပြောကြားသည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာစကား

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်

လေးစားအပ်သော EAO UPDJC အဖွဲ့ဝင်ခေါင်းဆောင်များအပါအဝင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရုံးအဖွဲ့သားများနဲ့နည်းပညာအထောက်အ ကူပြုအဖွဲ့ဝင်များအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ နှုတ် ခွန်းဆက်သပါတယ်။

COVID (19) ကပ်ရောဂါ ကူးစက်မှုမြင့်မားနေချိန်မှာ အခုလို Onlineမှတဆင့် EAO UPDJC အစည်းအဝေး ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာခေါင်းဆောင်များနဲ့ ရုံးအဖွဲ့သားများကို အထူးကျေး ဇူးတင်ရှိပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပပြီးစီးတဲ့နောက်ပိုင်း မိမိတို့ EAO UPDJC အဖွဲ့ဝင်တွေအချင်းချင်းကြား အ ချိန်နှစ်လကျော်ကြာအတွင်း ပထမဦးဆုံးပြန်လည်တွေ့ဆုံတဲ့ အစည်းအဝေးဖြစ်လို့ ဆွေးနွေးမည့်အကြောင်းအရာတွေ များစွာရှိနေပါတယ်။ ပြည်ထောင်စုသ ဘောတူစာချုပ် အစိတ်အပိုင်း (၃)အရ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်အတွက် ပြင်ဆင်စရာတွေ အများကြီးရှိတာကို အားလုံးသိပြီး ဖြစ်ပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)အရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀အလွန် အဆင့် လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်အခြေခံမူများရရှိရေး ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ မိမိတို့ EAO UPDJC ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးချမှတ်သွားဖို့ ရှိသလို လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ရွေး ကောက်ပွဲအခြေအနေများကိုလည်း သုံးသပ်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

COVID (19) ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့အချိန်မှာ ခေါင်းဆောင်များအားလုံးအနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။