1st Workshop for Women Leadership in Peace Process is being held in Yangon

  • Topics:

    1st Workshop for Women Leadership in Peace Process is being held in Yangon

  • Location:

    Best western Green Hill Hotel, Yangon, Yangon

  • Category:

    Others

  • Start Date:

    September 26, 2018 09:00 AM

  • End Date:

    September 29, 2018 05:00 PM

  • Share:

Description

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ “ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေး” ဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ၊ ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel တွင်ပြုလုပ်လျက်ရှိပါသည်။ အစည်းအဝေးသို့ ABSDF- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ALP-ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၊ CNF-ချင်းအမျိုးသားတပ်ဦး၊ D.K.B.A-ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ KNU-ကရင်အမျိုးသားအစည်းအရုံး၊ KNU/KNLA PC- ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ၊ PNLO-ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ RCSS- ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် NCA အကောင်အထည်ဖော်ဖက်များဖြစ်ကြသည့် NMSP-မွန်ပြည်သစ်ပါတီ နှင့် LDU-လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ အမျိုးသမီးခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားကို ABSDF မှ ရဲဘော်မိဆူးပွင့်က ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO)၊ UPDJC ဒုတိယဥက္ကဌ ဒေါက်တာလျန်မှုန်ဆာခေါင်း (CNF) နှင့် SNLD မှ စိုင်းညွန့်လွင်တို့က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိကဆောင်ရွက်သူများဖြစ်ကြသော နိုင်ငံရေးပါတီ၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ နှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့အစည်းများ ဆိုင်ရာအကြောင်းအရာများကို တက်ရောက်လာကြသည့် အမျိုးသမီးခေါင်းဆောင်ကိုယ်စားလှယ်များ သိရှိစေရန် ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီ (JMC) တို့၏ လုပ်ငန်းဆောင်တာများ၊ ဖွဲ့စည်းပုံ၊ ၎င်းတို့၏ဆောင်ရွက်ချက်၊ သတင်းအချက်အလက်များနှင့် လက်ရှိအနေအထားများကို UPDJC အတွင်းရေးမှူး ရဲဘော်မျိုးဝင်း (ABSDF) နှင့် JMCU အတွင်းရေးမှူး-၁ ဒေါက်တာရွှေခါး (CNF) တို့ကရှင်းလင်းတင်ပြကာ အပြန်အလှန်ဆွေးနွေးမှု များပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ အကျိုးဆောင်များအနေဖြင့် နန်းလောဝ်လင်းဝမ်း (ဌေးဌေး) နှင့် နန်းပေါင်းဟွမ် တို့က တာဝန်ယူဆောင်ရွက်ကြပါသည်။