14th Union Peace Dialogue Joint Committee meeting ကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်၊ အမျိုးသားပြန််လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပလျက်ရှိပါတယ်။
အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့မှုအား တင်ပြခြင်း၊ UPDJC ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိစ္စ၊ လူထုတွေ့ဆုံပွဲများကိစ္စ အစရှိသည့် အစည်းအဝေးအစီအစဉ်ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

English
Myanmar

Comments
0 Comments 1944 Views